ဓါးခုတ်ခံရသည့် NLDအမတ်လောင်း အသက်အန္တရာယ် စိုးရိမ်စရာမရှိဟု ဆရာဝန် အတည်ပြု

ဓါးခုတ်ခံရသည့် NLDအမတ်လောင်း အသက်အန္တရာယ် စိုးရိမ်စရာမရှိဟု ဆရာဝန် အတည်ပြု

ရန်ကုန်၊ အောက်တိုဘာ ၃၀။ ။ မဲဆွယ်စည်းရုံးစဉ် ဓါးဖြင့်ခုတ်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အမတ်လောင်း ဦးနိုင်ငံလင်းမှာ ရန်ကုန်ဆေးရုံကြီးတွင် ခွဲစိတ်မှုအောင်မြင်ပြီး အသက်အန္တရာယ်စိုးရိမ်စရာ လုံးဝမရှိဟု ဒေါက်တာ တင်မျိုးဝင်းက ခွဲစိတ်မှုအပြီး အတည်ပြု ပြောကြားသည်။

“အသက်အန္တရာယ် လုံးဝမရှိပါဘူး။ ကောင်းတယ်ပဲ ပြောရမှာပေါ့။ ဦးနှောက်ထဲမှာ သွေးယိုတာတို့ လုံးဝမရှိဘူး။ သွေးထွက်လွန်တာတို့၊ အရေးကြီးတဲ့ အစိတ်အပိုင်းလည်း ထိတာ မတွေ့ရဘူး။ ခွဲစိတ်မှုအောင်မြင်တယ်လို့ ပြောလို့ရပါတယ်” ဟု ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။

NLDပါတီ၏ တိုင်းလွှတ်တော်အမတ်လောင်း ဦးနိုင်ငံလင်းအပါအဝင် ပါတီဝင် သုံးဦးမှာ အောက်တိုဘာ ၂၉ရက်၊ ည ၉နာရီက သာကေတမြို့နယ်ရှိ မန်ပြေ(၈)လမ်းတွင် ဓါးဖြင့် တိုက်ခိုက်ခံရပြီး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရခြင်းဖြစ်ပြီး ဦးနိုင်ငံလင်းမှာ ဦးခေါင်း၊ လက်နှစ်ဖက်နှင့် နဖူးတို့တွင် ဓါးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများအနက် ဦးနိုင်ငံလင်းမှာ အပြင်းထန်ဆုံး ဒဏ်ရာရရှိခဲ့သူ ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly