ခြင်းလုံးအဖွဲ့ချုပ် တစ်ဖွဲ့တည်းသာ ရှိရန် သက်ဆိုင်ရာက ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်ဟုဆို

ခြင်းလုံးအဖွဲ့ချုပ် တစ်ဖွဲ့တည်းသာ ရှိရန် သက်ဆိုင်ရာက ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်ဟုဆို
ဓာတ်ပုံ- ထက်မြတ် / မဇ္ဈိမ

မန္တလေး၊ဖေဖေါ်ဝါရီ ၁၅။        ။ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်နှင့် မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဟူ၍ ခြင်လုံးအဖွဲ့နှစ်ဖွဲ့ တည်ထောင်ခွင့်ပြုထားခြင်းကြောင့် ကစားသမား၊ ဒိုင်လူကြီးနှင့် ဝါသနာရှင် များအကြားစိတ်ဝမ်းကွဲကာ ခြင်းလုံးလောက ပုံရိပ်ကျင်းဆင်းမည့် အခြေအနေကြောင့် ခြင်းလုံးအဖွဲ့ချုပ် တစ်ဖွဲ့တည်းသာ ရှိသင့်ကြောင်း မြန်မာ နိုင်ငံခြင်းလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက ပြောသည်။

“ ခြင်းလုံးအဖွဲ့ချုပ် ရွေးကောက်ခံ၊ ရွေးချယ်ခံရပြီး တော့ အတည်ပြုခံထားပြီးကာမှ အားကစားနဲ့ကာယသိပ္ပံဦးစီးဌာနနဲ့ ပူးပေါင်းပြီး မသာမာတဲ့နည်းနဲ့ အဖွဲ့ချုပ် အသစ်ဖွဲ့တဲ့အခါမှာ ကစားသမားတွေမှာလည်း အခက်အခဲ များသလို၊ ဒိုင်လူကြီးတွေ လည်း နှစ်ဖွဲ့၊ စည်းမျဉ်း ဥပဒေဆိုရင်လည်း ဟိုအဖွဲ့ကတမျိုးဒီအဖွဲ့ကတမျိုးဖြစ်နေတယ်၊ ရေရှည်မှာ ခြင်းလုံးလော ကကျဆင်းရမယ့် ပုံရိပ်တွေကို မြင်နေရပါတယ်” ဟု မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒိုင်လူကြီးတစ်ဦးဖြစ်သည့် ဦး အောင်ကျော်ဦးကပြောသည်။

မြန်မာနိုင်ငံခြင်လုံးအဖွဲ့ချုပ်ကို ၁၉၅၃ခုနှစ်မှစတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေများကိုလည်း ပြဌာန်းခဲ့ကြောင်း၊ ထပ်မံဖွဲ့စည်းထားသည့် ခြင်းလုံးအဖွဲ့တွင် သီသန့်ထုတ်ထားသော ဥပဒေမရှိသကဲ့သို့ လိုဂို မှအစ မြန်မာနိုင်ငံခြင်လုံးအဖွဲ့ချုပ်နှင့် ပုံစံတူထုတ်လုပ်ထားကြောင်း ၎င်းကဆက်လက်ပြောသည်။

“အိုလံပစ် ကော်မတီက ဖွဲ့စည်းတဲ့ ရွေးကောက်ပွဲကော်မရှင်ကြီးကို အယုံအကြည်မရှိပါဘူးလို့ စော် ကားခဲ့တဲ့ အဖွဲ့အစည်းကို ဖွဲ့စည်းခွင့်ပေးလိုက်တယ်ဆိုတာက ဘာအတွက်လဲ၊ ရိုးရာအဖွဲ့ချုပ်က ဒုဝန်ကြီးကို ဖိ အားတွေ ပေးခဲ့တယ်” ဟု မြန်မာနိုင်ငံခြင်လုံးအဖွဲ့ချုပ် ဒိုင်လူကြီးတစ်ဦးဖြစ်သည့် ဦးတင်ဝင်းနိုင်က ပြောသည်။

ဓာတ်ပုံ- ထက်မြတ် / မဇ္ဈိမ

ခြင်းလုံးအဖွဲ့ နှစ်ဖွဲ့ ဖြစ်နေသဖြင့် အိုလံ ပစ်ကော်မတီက ကော်မရှင်ဖွဲ့ပြီး ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရာ ၃၁မဲဖြင့် မဲရလာဒ် တူနေသဖြင့် မဲနှိုက်ရာတွင်လည်း တူနေခဲ့ကြောင်းနှင့် အိုလံပစ်ကော်မတီက ဖွဲ့စည်းပေးသည့် ကော်မရှင် ကို အယုံအကြည်မရှိကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။

ယခုကဲ့သို့နှစ်ဖွဲ့ကွဲနေခြင်းကြောင့် အောက်ခြေတွင် ထပ်မံအဖွဲ့ကွဲမှုများဖြစ်ပေါ်ကာ ပျက်စီးမည့်အခြေအနေသို့ရောက်ရှိသွားနိုင်ကြောင်း၊ ထို့အ တွက် ခြင်းလုံးလောကတိုးတက်ရေးအတွက် သက်ဆိုင်ရာအနေဖြင့် ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ပေးစေခြင် ကြောင်း မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ထံကသိရသည်။

“ မြန်မာ့ခြင်လုံးအဖွဲ့ချုပ်က လုပ်ရင်းလုပ်ရင်းနဲ့ မြန်မာရိုးရာတွေ တိမ်ကောသွားတဲ့သဘောတွေရှိတယ်၊ အဲကြောင့်မို့ ရိုးရာနဲ့ပက်သက်ပြီး အသစ်ဖွဲ့စည်းလိုက်တာပါ၊ ခွဲထွက်တာမဟုတ်ပါဘူး၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ ချုပ်ဆို တဲ့ ကျန်နေတဲ့အဖွဲ့အစည်းက ဘာလုပ်ရမလဲဆိုတော့ နိုင်ငံတကာကို သွားပြိုင်ခဲ့တဲ့အတွက်ကြောင့် နိုင်ငံ တကာပြိုင်ပွဲတွေအတွက် လွှဲပေးလိုက်တာပါ။အဲဒီအဖွဲ့က ပျက်စီးလုမကဖြစ်နေတော့ ဆီးဂိမ်းမှာလည်းမပါတော့ ဖိလစ် ပိုင်ဆီးဂိမ်းမှာလည်းမပြိုင်နိုင်တော့ဘူး”ဟု မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးဝင်းတင့်ကပြောသည်။

မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ကို ၂၀၁၉ခုနှစ် မတ်လတွင် တရားဝင်ဖွဲ့စည်းခဲ့ပြီး ရိုးရာခြင်းလုံးနှင့်ပက်သက် သည့် ကိစ္စရပ်များအား လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

လက်ရှိတွင် ခြင်လုံးလောကတိုးတက်ရေးအတွက် ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် ပြိုင်ပွဲများပြုလုပ်ပေးနေ သကဲ့သို့ နိုင်ငံတကာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိကြောင်း၊ မျိုးဆက်သစ်များ ပေါ်ထွက်လာစေ ရေးအ တွက် တစိုက်တမတ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly