ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အပြင်မထွက်ဘဲ အိမ်ထဲမှာ မာရသွန်ပြေးခဲ့သည့် တရုတ်အမျိုးသား

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အပြင်မထွက်ဘဲ အိမ်ထဲမှာ မာရသွန်ပြေးခဲ့သည့် တရုတ်အမျိုးသား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅။              ။ တရုတ်နိုင်ငံတွင်  ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် လူအများသည် အိမ်အပြင် မထွက်ရဲကြဘဲ ကိုယ်ကာယ ကြံ့ခိုင် အောင် အိမ်ထဲ၌သာ အားကစား လုပ်နေကြချိန်မှာ ဟန်ကျိုးမြို့က အသက် ၄၄ နှစ်အရွယ် အပျော်တမ်း မာရသွန် အပြေးသမား Pan Shancu သည် ၎င်းနေသည့် တိုက်ခန်းအတွင်းမှာပင် ၆ နာရီနှင့် ၄၁ မိနစ်အတွင်း တာဝေးမာရသွန်နှင့် ညီမျှသည့် ၆၆ ကီလိုမီတာ (၄၁ မိုင်) ပြေးခဲ့ကြောင်း သိရသည်။

Pan သည် ၎င်း၏ အခန်းအတွင်း ပတ်ချာလှည့်ပြေးပြီး ရေချိုးခန်းအတွင်း၌ လေ့ကျင့်ခန်း လုပ်နေပုံများကို သက်သေအဖြစ် မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။ အဆိုပါ ဗီဒီယိုဖိုင်သည် တရုတ်နိုင်ငံ အင်တာနက် သုံးသူ များအ  ကြား ဟိုးလေး တကျော် ဖြစ်သွားခဲ့သည်။

“အစပထမပိုင်းမှာ နည်းနည်းတော့ မူးတာပေါ့၊ ဒါပေမယ့် အကြိမ်ရေများလာတော့ ဘယ်လိုမှ မနေတော့ပါဘူး၊ ပြေးတာက ဆေးစွဲသလိုပဲ၊ မပြေးတာကြာသွားရင် ခြေထောက်တွေက ယားလာတာဗျ” ဟု Pan က ဆိုသည်။

လူဦးရေ ၁ ဒဿမ ၄ ဘီလီယံ ကျော်ရှိသည့် တရုတ်နိုင်ငံတွင် အသွားအလာများ ကန့်သတ်ထားပြီး gym များလည်း ပိတ်ထားသောကြောင့် လူများသည် တစ်ယောက်နှင့်တစ်ယောက် ရေဘူး အရေအတွက် မည်မျှမနိုင် ကြောင်း၊ လှေကား ဘယ်နှထစ် တက်နိုင်ကြောင်း စသဖြင့် အပြိုင်အဆိုင် လုပ်နေကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ကိုရိုနာကြောင့် နေ့စဉ်နှင့်အမျှ လူသေဆုံးမှုများ ကြုံနေရပြီး အစိုးရကလည်း ရောဂါကူးစက်မှုကို ခံနိုင်ရည် ရှိစေရန်အတွက် အိမ်ထဲ၌ လေ့ကျင့်ခန်း လုပ်ကြရန် မှာကြားထားကြောင်း သိရသည်။
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly