မန္တလေး ဂေါဝိန်ဆိပ်ကမ်းရှိ ကုန်တင်သင်္ဘောပြင်ရာမှ မီးလောင်မှု

မန္တလေး ဂေါဝိန်ဆိပ်ကမ်းရှိ ကုန်တင်သင်္ဘောပြင်ရာမှ မီးလောင်မှု
ဓာတ်ပုံ-ထက်မြတ်

 ဖေဖေါ်ဝါရီ ၁၄ ။                    ။  မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ၄၁လမ်း ကမ်းနားလမ်းရှိ သင်္ဘောကျင်းတွင် ဖေဖော်ဝါရီ ၁၄ရက်နေ့ ညနေလေးနာရီခန့်က သင်္ဘောပြုပြင်ရာမှ တစ်ဆင့် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း မန္တလေး ခရိုင်တွင် မီးလောင်ကျွမ်းမှု ခြောက်ကြိမ် ခန့်ဖြစ်ပွား ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း သုံးရာကျော် ရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်များလာခြင်းကြောင့် မီးသတ်ရေငုတ်များအား ထပ်တိုးတပ်ဆင်ခြင်း၊ လိုအပ်သည့်နေရာ များတွင် မီးသတ်ရေငုတ်များကို တိုးချဲ့တပ်ဆင်ခြင်း၊ ကျုံးဘေးပတ်လည်တွင် အရေးပေါ် ရေယူမီးသတ် စက် များ ထပ်မံတပ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်သွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
ဓာတ်ပုံ-ထက်မြတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required