စျေးဆိုင်ခန်းပိုင်ရှင်နှစ်ဦးက ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် ကျောက်စိမ်းစေတီအနီး ဖွင့်လှစ်ထားသော ဆိုင်ခန်း များပိတ်ရမည်ကို စျေးသူစျေးသားစိုးရိမ်

14 February 2020
စျေးဆိုင်ခန်းပိုင်ရှင်နှစ်ဦးက ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် ကျောက်စိမ်းစေတီအနီး ဖွင့်လှစ်ထားသော ဆိုင်ခန်း များပိတ်ရမည်ကို စျေးသူစျေးသားစိုးရိမ်

ကျောက်စိမ်းစေတီပုရဝုဒ်အတွင်းဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းများနှင့်ပက်သက်ကာ ဆိုင်ခန်းပိုင်ရှင်နှစ်ဦးက ဆန္ဒ ထုတ်ဖော်ခဲ့တဲ့အတွက် စျေးဆိုင်ခန်းတွေဖျက်သိမ်းခံရမှာကို စိုးရိမ်နေကြောင်း  ဖေဖော်ဝါရီ ၁၃ရက်နေ့က ကျောက်စိမ်းစေတီအနီးရှိ တက်လမ်းကုမ္ပဏီမှာပြုလုပ်ခဲ့တဲ့ သ တင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့သည်။

`` သူတို့နှစ်ယောက်က ကျောက်စိမ်းစျေးဆိုင်ခန်းမှာ မထွက်ရရင် ကျန်တဲ့စျေးသည်တွေအားလုံးလည်းမထွက်ရ ဘူးဆိုတဲ့ ပုံစံမျိုးပြောထားတယ်၊ ကျွန်မတို့က ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်မခံနိုင်ပါဘူး၊ သူတို့နှစ် ယောက်မကောင်းတာ သူတို့နှစ်ယောက်ကိုပဲထွက်စေခြင်တယ်၊``ဟု ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ မအေးအေး မြင့်ကပြောသည်။

စျေးဆိုင်ခန်းများအားလုံးဆန္ဒမပါဝင်ပဲ စျေးဆိုင်ခန်းပိုင်ရှင် နှစ်ဦးတည်းမှ လုပ်ဆောင်တာဖြစ်ခြင်းကြောင့်  လုပ် ဆောင်ခဲ့သူအား အရေးယူစေခြင်ကြောင်း စျေးသူစျေးသားများကပြောသည်။

ကျောက်စိမ်းစေတီအနီးတွင် ဖွင့်လှစ်ထားတဲ့ စျေးဆိုင်ခန်းများတွင် ဆိုင်ခန်းခများ ပေးသွင်းခြင်းမရှိသူများကို တရားစွဲဆိုသွားမှာဖြစ်ကြောင်း တက်လမ်းကုမ္ပဏီ စီမံခန့်ခွဲမှု မန်နေဂျာဦးလှိုင်ဘွားကပြောသည်။

`` ဆိုင်ခန်းခတွေမပေးထားတဲ့အတွက် တရားစွဲဆိုထားတာတွေလည်းရှိပါတယ်၊ မပေးတဲ့သူတွေကိုလည်းတရား စွဲဆိုသွားမှာဖြစ်ပါတယ်၊`` ဟု ၎င်းကပြောသည်။

ကျောက်စိမ်းစေတီပုရဝုဒ်အတွင်းတွင် ဆိုင်ခန်းပေါင်းတစ်ရာကျော်ရှိပြီး လူဦရေနှစ်ရာနီးပါး အလုပ်လုပ်ကိုင် လျက်ရှိကာ ဆိုင်ခန်းတွေပိတ်လိုက်လျှင် ဆိုင်ခန်းဖွင့်လှစ်ထားရှိသူများ စားဝတ်နေရေးပိုင်းဆိုင်ရာ ထိခိုက်မည် ဖြစ်ကြောင်းသိရသည်။

ရိုက်ကူး / တည်းဖြတ် - ထက်မြတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required