အများနှင့်သက်ဆိုင်သော ရန်ကုန်ဘတ်စ်ကားကုမ္ပဏီ အစုရှယ်ယာများရောင်းမည်

အများနှင့်သက်ဆိုင်သော ရန်ကုန်ဘတ်စ်ကားကုမ္ပဏီ အစုရှယ်ယာများရောင်းမည်

အောက်တိုဘာ ၂၉ ရက် ။           ။ ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ အစုရှယ်ယာများ ရောင်းချမည့် အခမ်းအနားတစ်ရပ်ကို အောက်တိုဘာ ၃၀ တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်သည်။

နိုင်ငံတော်-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Yangon Bus Public Company Limited) သည် လုပ်ငန်းစတင်ဆောင်ရွက် ခွင့်ကို အောက်တိုဘာ ၂၂ ရက်နေ့တွင် ရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာက အောက်တိုဘာ ၂၉ ၌ ဖော်ပြသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများမှတ်ပုံတင်ရုံးတွင် ဇူလိုင် ၂၇ ရက်က ဖွဲ့စည်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ အများပြည်သူသွားလာမှု အဆင်ပြေချောမွေ့စေရမည်ဟုဆိုသည့် ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အစုရှယ်ယာများကို ဝယ်ယူရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် မြန်မာနိုင်ငံသား မည်သူမဆို အခမ်းအနားသို့ တက်ရောက်နိုင်သည်။

ရန်ကုန်တိုင်း၊ မင်္ဂလာခန်းမ၌ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပမည်ဖြစ်ကြောင်း ကုမ္ပဏီဒါရိုက်တာအဖွဲ့၏ ဖိတ်ကြားလွှာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly