ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကို ပြောတာလဲဟု သမ္မတ ဦးသိန်းစိန် မေး

ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကို ပြောတာလဲဟု သမ္မတ ဦးသိန်းစိန် မေး

သမ္မတ ဦးသိန်းစိန်သည် ငပုတောမြို့၊ ဥသျှစ်ကွင်း ကျေးရွာသို့ အောက်တိုဘာလ၂၉ရက်နေ့က ရောက်ရှိစဉ် ဒီမိုကရေစီ စနစ် အပြောင်းအလဲကို သူ၏ အစိုးရက စတင်ခဲ့ပြီး နောက်ထပ် ဘာများ ပြောင်းလဲလိုသေးသနည်း၊ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကို ဆိုလိုသလဲဟု ဒေသခံများကို မေးခွန်းထုတ်ခဲ့သည်။

“တပ်မတော်အစိုးရ အုပ်ချုပ်တဲ့ စနစ်ကနေပြီးတော့ ပြည်သူလူထုရွေးချယ်တင်မြောက်တဲ့ ခုနကလို အစိုးရစနစ်နဲ့ လွှတ်တော်တို့အစိုးရတို့ စသည်အားဖြင့် ဒီစနစ်နဲ့အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ ပြောင်းပြီးပြီ နောက်ထပ်ဘာလို့များ ပြောင်းချင်သေးလဲ၊ နောက်ထပ် ပြောင်းဖို့ကတော့ အခြားမရှိတော့ဘူး ကွန်မြူနစ်ပဲ ရှိတော့တယ် ကွန်မြူနစ်တော့ ဘယ်သူမ ှမပြောင်းချင်ဘူး ဟုတ်တယ်မဟုတ်လား” ဟု သမ္မတက ပြောခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ် စည်းရုံးမှုများအတွင်း ပြောင်းလဲချိန်တန်ပြီဟု ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောင်းလဲချိန်တန်ပြီဟု ပြောဆိုမှုများနှင့် တိုက်ဆိုင်စွာပင် ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကို ပြောတာလဲဟု သူက တန်ပြန် မေးခွန်းထုတ်ခဲ့သည်။

“ပြည်သူများလိုချင်တဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းပြီးပြီ ခုနလို ပြောင်းလဲချိန်တန်ပြီ ဆိုတာ ဘာကိုပြောတာလဲ ကျွန်တော်တို့ကတော့ ပြောင်းပြီးပြီ၊ ပြောင်းပြီးတဲ့စနစ်ကို ခိုင်ခိုင်မာမာ ဖြစ်အောင် ကျွန်တော်တို့ လုပ်သွားပါမယ်” ဟု ပြောခဲ့သည်။

“ကျွန်တေ်ာတို့အစိုးရဟာ  စနစ်ဟောင်းတစ်ခုကနေ စနစ်သစ်တစ်ခုကို ကူးပြောင်းရတယ်ဆိုတာ အလွန်မှ အန္တရာယ်များတယ်၊ ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့လို တစ်ချိန်ထဲမှာ ဒီမိုကရေစီ စနစ် ကူးပြောင်းတဲ့နိုင်ငံ အများကြီးရှိပါတယ် အာရပ်နိုင်ငံ၊ မူဆလင် နိုင်ငံတွေ အများကြီးရှိပါတယ်၊ ဒီနေ့အထိ ဒီမိုကရေစီစနစ်ကို မပြောင်းနိုင်ဘဲနဲ့ နေ့စဉ်နဲအမျှ တိုက်ပွဲတွေဖြစ်နေတယ်” ဟုလည်း ပြောဆိုခဲ့သည်။

“ကျွန်တော်တို့က ခုနကလို တလှမ်းချင်း သတိထားပြီးတော့ ပြောင်းလဲနိုင်ခဲ့တဲ့ အတွက်ကြောင့်မို့ အခုဒီမိုကရေစီစနစ်ကို သွေးထွက်သံယိုမရှိဘဲ ပြောင်းလဲလာနိုင်တယ်၊ အဲ့တော့ ပြုပြင်ပြောင်းလဲမှု၊ ပြောင်းလဲဖို့အချိန်တန်ပြီဆိုတာ တကယ်တော့ ကျွန်တော်တို့ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲတဲ့အခါမှာ  ပြောင်းလဲပါပြီ” ဟုလည်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required