အမေရိကန်ရေနံချက်စက်ရုံတစ်ရုံတွင် ပေါက်ကွဲမှုဖြစ်ကာ မီးအကြီးအကျယ် လောင်

အမေရိကန်ရေနံချက်စက်ရုံတစ်ရုံတွင် ပေါက်ကွဲမှုဖြစ်ကာ မီးအကြီးအကျယ် လောင်

ဖေဖော်ဝါရီ ၁၃ ။                  ။ အမေရိကန်နိုင်ငံမှာ ရေနံချက်စက်ရုံတစ်ရုံ ပေါက်ကွဲမှုဖြစ်ပြီး မီးအကြီးအကျယ် လောင်ကျွမ်းကာ မီးလုံးကြီးကို လွင့်တက်နေတာကို လူမှုမီဒီယာပေါ်က ဗီဒီယိုဖိုင်တွေမှာ မြင် တွေ့ရပါတယ်။

ပေါက်ကွဲမီးလောင်မှုဖြစ်တဲ့ အခု ရေနံချက်စက်ရုံရဲ့ ပိုင်ရှင်ကုမ္ပဏီ အိတ်စ်ဇွန်မိုဘိုင်းကုမ္ပဏီကတော့ ဒီ မီးလောင်မှုမှာ သေဆုံးဒဏ်ရာရမှု မရှိဘူးလို့ ထုတ်ပြန်ပါတယ်။

လူဝီစီယားနား ဓာတုဗေဒစင်တာတစ်ခုကနေပြီး ရေနံချက်စက်ရုံမှာ  လောင်တဲ့ မီးတောက်တွေကို လှမ်းမြင်နေရတာဖြစ်တယ်လို့ ဖေ့ဘုတ်ပေါ် ဗီဒီယိုကလစ်တင်တဲ့ ဒေးဗစ်အလန်ဆိုသူက ရေးသားပါတယ်။

ဘတ်တန်ရို့ချ်ရေနံချက်စက်ရုံမှာ လောင်ကျွမ်းတဲ့ အခု မီးကို ထိန်းချုပ်ထားနိုင်ပြီး မီးငြှိမ်းသတ်ရာမှာ အိတ်ဇွန်မိုဘိုင်းကုမ္ပဏီက စေတနာဝန် မီးသတ်အဖွဲ့ပါ ပါဝင်ခဲ့ပါတယ်။

“အခု မီးလောင်တာမှာ တစ်ဦးတစ်ယောက်မှ သေဆုံးထိခိုက်တာ မရှိဘူး။ စက်ရုံဝန်ထမ်းအားလုံးကို ရေတွက်တွေ့ရှိထားပြီးဖြစ်တယ်။ မီးကိုလည်း ထိန်းချုပ်ထားနိုင်ပါပြီ။”လို့ ကုမ္ပဏီရဲ့ ပြောခွင့်ရသူက နောက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အိတ်ဇွန်မိုဘိုင်းကုမ္ပဏီဟာ ရေနံထုတ်ကုန်တွေဖြစ်တဲ့ ဓာတ်ဆီ၊ ဒီဇယ်နဲ့ ဂျက်လေယာဉ်ဆီတွေကနေ သုတ်ဆေးနဲ့ နွားနို့ခရားအိုးလို နေ့စဉ်သုံးပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ရပ်ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly