ပြန်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်ယူ-၁၉ ကမ္ဘာ့ချန်ပီယံအသင်းကို သူရဲကောင်းတစ်ယောက်လို ကြိုဆိုကြ

ပြန်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်ယူ-၁၉ ကမ္ဘာ့ချန်ပီယံအသင်းကို သူရဲကောင်းတစ်ယောက်လို ကြိုဆိုကြ
Photos: AFP

ဘင်္ဂလားဒေ့ရှ်ခရစ်ကက်အသင်းဟာ ICC အသက် ၁၉ နှစ်အောက် ခရစ်ကက်ကမ္ဘာ့ဖလားကို ဆွတ်ခူးပြီးနောက် ဗုဒ္ဓဟူးနေ့က နိုင်ငံသို့ ပြန်လည်ရောက်ရှိလာရာမှာတော့ ထောင်ပေါင်းများစွာသော စိတ်လှုပ်ရှားနေတဲ့ ပရိသတ်တွေက လမ်းတွေပေါ်မှာ အောင်ပွဲခံခဲ့ကြပြီး သူရဲကောင်းတစ်ယောက်လို ကြိုဆိုကြပါတယ်။

ဘင်္ဂလားဒေ့ရှ်အသင်းဟာ တနင်္ဂနွေနေ့နှောင်းပိုင်းက အာဖရိကနိုင်ငံ၊ Potchefstroom မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ချန်ပီယံ (၄)ကြိမ်ရ အိန္ဒိယအသင်းကို အံ့အားသင့်စေခဲ့ပြီး ချန်ပီယံအတွက် ရေပန်းစားနေတဲ့ အသင်းကို (၃) ဝစ်ကက် (wicket) စံချိန်မှတ်တမ်းနဲ့ အနိုင်ယူပြခဲ့တာဖြစ်ပါတယ်။

အောင်ပွဲရအသင်းကို သယ်ဆောင်လာတဲ့ လေယာဉ်ဟာ ဒေသစံတော်ချိန် ညနေ ၄:၅၅ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၀၅၅)မှာ ဒါကာရဲ့ အဓိက လေဆိပ်ဆီ ဆိုက်ရောက်ခဲ့ပါတယ်။ လေဆိပ်မှာ အရာရှိတွေနဲ့ ထောင်နဲ့ ချီတဲ့ ပရိသတ်တွေက အသင်းဂျာစီကို ဝင်ဆင်ထားပြီး အလံတွေ ဝှေ့ယမ်းပြီး ကြိုဆိုခဲ့ပါတယ်။

နိုင်ငံရဲ့ အားကစားဝန်ကြီး ဇာဟိ အာဆန်နဲ့ ဘင်္ဂလားဒေ့ရှ်ခရစ်ကက်ဘုတ်အဖွဲ့ဥက္ကဌ နက်ဇ်မူ ဟာဆန်တို့က လေယာဉ်ကွင်းမှာ ကစားသမားတွေနဲ့ အဖွဲ့ဝင်တွေကို ပန်းကုံးများနဲ့ ကြိုဆိုခဲ့ပြီး ပရိသတ်တွေက "ဘင်္ဂလားဒေ့ရှ်၊ ဘင်္ဂလားဒေ့ရှ်။ ငါ့တို့တွေက ကမ္ဘာ့ချန်ပီယံဟေ့။"လို့ ကြွေးကြော်အော်ဟစ်ခဲ့ကြပါတယ်။

ကစားသမားတွေဟာ နိုင်ငံ့အရောင်တွေနဲ့  ခြယ်သထားပြီး 'ကမ္ဘာ့ချန်ပီယံ'လို့ ရေးသားထားတဲ့ အထူးဘတ်စ်ကားနဲ့ လေဆိပ်ကနေ ထွက်ခွာလာပြီး ဒါကာရဲ့ အဓိက ခရစ်ကက်အားကစားကွင်းဆီ သွားရောက်ခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ လူတွေက ချန်ပီယံအသင်းကို အားပေးဖို့ လမ်းနှစ်ဖက်စလုံးမှာ ရပ်နေကြပါတယ်။ နိုင်ငံအလံတွေ ဝှေ့ယမ်းရင်း ဆိုင်ကယ်အများအပြားကလည်း အသင်းနောက်ကို လိုက်လာခဲ့ပါတယ်။

"ငါတို့က ချန်ပီယံတွေကွ။ ဒီကောင်လေးတွေက ငါတို့ကို တကယ်ဂုဏ်မြင့်စေတယ်ဗျ။"လို့ စိတ်လှုပ်ရှားနေတဲ့ ပရိသတ်တစ်ယောက်က ပြောပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly