အောင်လအန်ဆန် ၏ ချန်ပီယံခါးပတ် ကိုစိန်ခေါ် ပြီး ၅ ရက်အကြာ ယှဉ်ပြိုင်ထိုးသတ်ရန် စာချုပ်ချုပ်ဆို

အောင်လအန်ဆန် ၏ ချန်ပီယံခါးပတ် ကိုစိန်ခေါ် ပြီး ၅ ရက်အကြာ ယှဉ်ပြိုင်ထိုးသတ်ရန် စာချုပ်ချုပ်ဆို
Photo - One Championship

ဖေဖော်ဝါရီလ ၁၃  ။                   ။ One Championship ၏ Warrior’s Code ပြိုင်ပွဲ ဒုတိယခေါင်(ဒုတိယတွဲဆိုင်း)ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် နယ်သာလန်နိုင်ငံသား De Ridder  က အောင်လအန်ဆန် နှင့် ယှဉ်ပြိုင်ထိုး သတ်ရန် စိန်ခေါ်လာခဲ့ခြင်းကို အောင်လအန်ဆန် အနေဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်း တွင် ချန်ပီယံခါးပတ် ကာကွယ်ပွဲအတွက် ယှဉ်ပြိုင်ထိုးသတ် ရန် စာချုပ်ချုပ်ဆို ကြောင်း သိရသည်။

အောင်အန်ဆန် အနေဖြင့် One Championship နှင့် စာချုပ်ချုပ်ဆိုပြီးချိန် ၎င်း ရဲ့ လူမူကွန်ရက် စာမျက်နှာတွင် “မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်ကာကွယ်ပွဲယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် စာချုပ် လက်မှတ်ရေးထိုးအတည် ပြုလိုက်ပါပြီ ၊ De Ridder ကဒဏ်ရာရှိကြောင်းပြောတဲ့အတွက် ပြိုင်ဘက်က ဘယ်သူဖြစ်လာမလဲဆိုတဲ့ ပဟေဋ္ဌိက အရေးမကြီပါဘူး “ ဟု ရေးသားထားသည်။

နယ်သာလန်နိုင်ငံသား De Ridder သည် ဖေဖော်ဝါရီလ ၇ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ၏ မြို့တော်ဂျာကာတာ တွင်ကျင်းပခဲ့သော One Championship ၏ Warrior’s Code ပြိုင်ပွဲ ဒုတိယခေါင်(ဒုတိယ တွဲဆိုင်း)ပွဲစဉ် တွင် ဘရာဇီးလ် နိုင်ငံသား Leandro Ataides ကိုအနိုင်ရရှိခဲ့သူ ဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် အနိုင်ရရှိခဲ့ခြင်းကြောင့်  De Ridder သည် ကမ္ဘာ့ မယ်ဒယ်ဝိတ်တန်း ခါးပတ်ကိုစိန်ခေါ်ခွင့် ရရှိခဲ့သည်။

နယ်သာလန်နိုင်ငံသား  De Ridderသည် ဖေဖော်ဝါရီလ ၇ရက်နေ့ ည ကထိုးသတ်ခဲ့သော ပြိုင်ပွဲအပြီး တွင် အောင်လအန်ဆန် ကို ချန်ပီယံခါးပတ် စိန်ခေါ်ပွဲယှဉ်ပြိုင်ထိုးသတ်ရန် စိန်ခေါ်ခဲ့ခြင်း ဖြစ်ပြီး  ၅ ရက်အကြာတွင် အောင်လအန်ဆန် နှင့် One Championship တို့ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

 အောင်လအန်ဆန် က “ အားလုံးကိုကတိပေးပါတယ်။ဒီချန်ပီယံခါးပတ်ကာကွယ်ပွဲက အရမ်းကြည့်ကောင်းမယ့် ပွဲတစ်ပွဲဖြစ်မှာပါ။ ကျွန်တော့်နည်းပြဆရာနဲ့အသင်းက ချန်ပီယံခါးပတ်ကို ကာကွယ်ယှဉ်ပြိုင်ထိုး သတ်ဖို့ အ တွက်အဆင့်သင့်ဖြစ်အောင် အကောင်းဆုံးလေ့ကျင့်ပြင်ဆင်ပေးမှာဖြစ်ပြီး ချန်ပီယံခါးပတ်ကိုကာကွယ်နိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါတယ် ‘ ဟု ၎င်း၏လူမူကွန်ရက် တွင် ရေးသားထားသည်။

ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက် စာချုပ်ချုပ်ဆိုခဲ့ခြင်းကြောင့် အောင်လအန်ဆန်အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ၎င်းရဲ့ ချန်ပီယံခါးပတ်ကာကွယ် ယှဉ်ပြိုင်ထိုးသတ်မည့် ပွဲစဉ်များအနက် ပွဲဦးထွက် ပွဲစဉ်တစ်ခု ဖြစ်သည်။

ယှဉ်ပြိုင်ထိုးသတ်မည့် နေ့ရက်နှင့်နေရာ ကို One Championship  အဖွဲ့အစည်းအနေဖြင့် လက်ရှိအချိန်တွက် ကြေညာခြင်း မရှိသေးတာပဲဖြစ်သည်။

အောင်လန်ဆန်အနေဖြင့်  MMA ပြိုင်ပွဲများတွင် နိုင်ပွဲ ၂၆ပွဲ ၊ ရှုံးပွဲ ၁၀ ပွဲဖြင့် မှတ်တမ်းကောင်းကိုပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required