ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂျပန်လူမျိုး ဂင်းနစ်မှတ်တမ်းဝင်

ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂျပန်လူမျိုး ဂင်းနစ်မှတ်တမ်းဝင်
Japanese Chitetsu Watanabe, aged 112, poses next to the calligraphy reading in Japanese 'World Number One' after he was awarded as the world's oldest living male (AFP Photo/STR)

တိုကျို၊ ဖေဖော်ဝါရီ ၁၃။         ။ ဂျပန်နိုင်ငံက အသက် ၁၁၂ နှစ်ရှိပြီဖြစ်သည့်  ချိတဲဆုဝါတာနာဘေးသည် ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပြီး အပြုံးပန်းဆင်ခြင်းသည် အသက်ရှည်ခြင်း၏ အဓိကသော့ချက်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

တိုကျိုမြောက်ပိုင်း နီးဂါတာမြို့တွင် ၁၉၀၇ ခုနှစ် မတ်လ ၅ ရက်၌မွေးဖွားခဲ့သည့် ဂျပန်လူမျိုး ချိတဲဆုဝါတာနာဘေးသည် ၎င်းနေထိုင်သည့်မြို့ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးဂေဟာ၌ ကမ္ဘာ့အသက်အကြီးဆုံး အမျိုး သားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်တွင် ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

ယခင်က ထိုနေရာကို ဆက်ခံခဲ့သူမှာ ဂျပန်လူမျိုးဖြစ်သည့် မာဆာဇိုနိုနာကာ ဖြစ်ပြီး ၊ ပြီးခဲ့သည့်လက အသက် ၁၁၂ နှစ်နှင့် ၂၆၆ ရက်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

သားသမီး ၅ ယောက်ရှိသည့် ဝါတာနာဘေးက အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်မှာ စိတ်ဆိုးဒေါသတွေမဖြစ်ဘဲ မျက်နှာပေါ်၌ အမြဲ အပြုံးပန်းဆင်ခြင်းဖြစ်ကြောင်း ပြောသည်။

ဝါတာနာဘေးက ကြက်ဉနို့ပေါင်းပူတင်းကဲ့သို့သော မုန့်ကိုနှစ်သက်ကြောင်းဝန်ခံပြောဆိုခဲ့ပြီး ထိုမုန့်သည် သူ့အတွက် ဘေးဉပါဒ်မဖြစ်ဟုဆိုသည်။

ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသမီးမှာလည်း ဂျပန်လူမျိုး ကာနဲတာနာကာဖြစ်ပြီး အသက် ၁၁၇ နှစ်ရှိပြီဖြစ်သည်။

ဂျပန်နိုင်ငံသည် လူ့သက်တမ်းအရှည်ဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး အသက်အရှည်ဆုံးလူသား အများအပြားနေထိုင်သည့်နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။ ထိုအထဲတွင် ၂၀၁၃ ခုနှစ် ဇွန်လက အသက် ၁၁၆ နှစ်ပြည့် မွေးနေ့တွင် ကွယ်လွန်သွားသော ကမ္ဘာ့အသက်အရှည်ဆုံးအမျိုးသားအဖြစ် မှတ်တမ်းတင်ခံခဲ့ရသည့် ဂျီရိုအဲမွန်ကိမုရာလည်း အပါအဝင်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required