အာကာသထဲမှ ထူးဆန်းတဲ့ ရေဒီယို အချက်ပြမှုတစ်ခုက ၁၆ ရက်တိုင်းမှာ တစ်ကြိမ် ဖြစ်ပေါ်နေ

အာကာသထဲမှ ထူးဆန်းတဲ့ ရေဒီယို အချက်ပြမှုတစ်ခုက ၁၆ ရက်တိုင်းမှာ တစ်ကြိမ် ဖြစ်ပေါ်နေ

ဖေဖော်ဝါရီ ၁၂။          ။ အာကာသထဲက ထူးဆန်းတဲ့ ရေဒီယို ရေဒီယို အချက်ပြမှုတွေဟာ ထပ်တလဲလဲ ကြိမ်နှုန်းနဲ့ ပေါ်ပေါက်တတ်တယ်လို့ သိထားကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာမြေကနေ အလင်းနှစ် သန်း ၅၀၀ ခန့် ကွာဝေးတဲ့ ရင်းမြစ်တစ်ခုကနေ လာတဲ့ ပေါက်ကွဲသံတွေကတော့ ပုံစံ pattern တစ်ခုနဲ့ ဖြစ်ပေါ်နေတာကို ပထမဆုံးအကြိမ်အဖြစ် သုတေသီတွေ သတိပြုမိခဲ့တယ်လို့ သိရပါတယ်။

FRBs လို့ သိကြတဲ့ မြန်ဆန်တဲ့ ရေဒီယိုပေါက်ကွဲမှုတွေ ဆိုတာကတော့ အာကာသထဲက တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံ တစ်ပုံ ခန့် ကြာမြင့်တဲ့ ရေဒီယို လှိုင်းတွေရဲ့ ပေါက်ကွဲသံတွေ ဖြစ်ပါတယ်။ သီးခြား ရေဒီယို အချက်ပြပေါက် ကွဲမှုတွေကတော့ တစ်ကြိမ်သာ ထုတ်လွှတ်ပြီး နောက်ထပ် ထပ်မံဖြစ်ပေါ်ခြင်း မရှိပါဘူး။ ဒါပေမယ့် FRBs ထပ်လဲလဲ ဖြစ်ပေါ်ခြင်း ဆိုတာကတော့ တိုတောင်းပြီး တက်ကြွတဲ့ ရေဒီယိုလှိုင်းတွေ အကြိမ်ပေါင်းများစွာ ပေးပို့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ရေဒီယို အချက်ပြပေါက်ကွဲမှု ပုံစံတစ်ခုဟာ ၁၆.၃၅ ရက်တိုင်း တစ်ကြိမ် ပေါ်ပေါက်နေတယ်ဆိုတာကို ၂၀၁၈ စက်တင်ဘာ ၁၆ ရက်နဲ့ ၂၀၁၉ အောက်တိုဘာ ၃၀ အကြားကာလမှာ CHIME/FBR collaboration ပရောဂျက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို လုပ်ဆောင်နေတဲ့ သုတေသီတွေက သတိပြုမိခဲ့ကြပါတယ်။ လေးရက်တာ ကာလအတွင်း အဆိုပါ အချက်ပြမှုကနေ တစ်နာရီတိုင်းမှာ ပေါက်ကွဲသံ တစ်ခု သို့မဟုတ် နှစ်ခု ထုတ်လွှတ်ပါတယ်။  ယင်းနောက် ယင်းက နောက် ၁၂ ရက်တာအတွင်း တိတ်ဆိတ်နေမှာ ဖြစ်ပါတယ်။

ဒီလို တွေ့ရှိချက်တွေကိုတော့ arXiv မှာ ဖော်ပြတဲ့ paper မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒီ paper မှာ ပါဝင်ရေးသားသူတွေကလည်း CHIME/FRB collaboration မှာ ပါဝင်လုပ်ဆောင်နေသူတွေဖြစ်ပါတယ်။

ယမန်နှစ်တုန်းကတော့ CHIME/FRB collaboration ဟာ ဒီ အချက်ပြမှုအပါအဝင် ထပ်တလဲလဲဖြစ်တဲ့ FRB ရှစ်ခုရဲ့ ရင်းမြစ်တွေကို ထောက်လှမ်းခဲ့ပါတယ်။

ဒီထပ်တလဲလဲဖြစ်နေတဲ့ အချက်ပြမှုကတော့ အလင်းနှစ်ပေါင်း သန်း ၅၀၀ ကွာဝေးတဲ့ ကြီးမားတဲ့ galxaxy တစ်ခုဆီ ခြေရာခံနေခဲ့တယ်လို့ သိရပါတယ်။

“ ထပ်တလဲလဲဖြစ်နေတဲ့ FRB ရင်းမြစ်တစ်ခုမှာ ခုလို ၁၆ ရက်တိုင်း တစ်ကြိမ်ပုံမှန် ဖြစ်နေမှုကို ရှာဖွေတွေ့ရှိတာကတော့ ဒီ object ရဲ့ သဘာဝအတွက် အရေးပါတဲ့ သဲလွန်စတစ်ခု ဖြစ်ပါတယ်” လို့ သုတေသီတွေက ပြောပါတယ်။

ဒီလို ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာရဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့  သုတေသီတွေ စဉ်းစားခဲ့ရာမှာ  ဒါဟာ ကြယ်တစ်လုံးရဲ့ ဂြိုဟ်ပတ် ရွေ့လျားမှုလို ဒါမှမဟုတ် galaxy ရဲ့ အစွန်အဖျားမှာ အတွဲအဖက်တစ်ခုအနေနဲ့ ရှိနေတဲ့ အရာဝတ္ထုတစ်ခုလိုမျိုး စဉ်းစားခဲ့ကြတယ်လို့ သတင်းစာထဲမှာ ဖော်ပြပါတယ်။

ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းကတော့ နျူထရွန်ကြယ်တစ်လုံးကနေ  လာနိုင်သလို ဒါမှမဟုတ် OB-type ဒွိစုံကြယ်စနစ်တစ်ခုကြောင့် ဖြစ်နိုင်တယ်လို့ အခြား paper တစ်စောင်မှာ စာရေးသားသူတွေက ဒီ pattern ပုံစံကို ရှာတွေ့ခဲ့တဲ့ သုတေသီတွေနဲ့ တိုင်ပင်ပြီး ထင်မြင်ချက်ပေးထားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly