အာဖဂန် စစ်တက္ကသိုလ်အနီး အသေခံဗုံးခွဲ ငါးဦးသေဆုံး

အာဖဂန် စစ်တက္ကသိုလ်အနီး အသေခံဗုံးခွဲ ငါးဦးသေဆုံး

 ဖေဖော်ဝါရီ ၁၁ ။                    ။ အာဖဂန်နစ္စတန် ကဘူးလ်မြို့၌ Marshal Fahim စစ်တက္ကသိုလ်ဝင်ပေါက်အနီးတွင် ဖေဖော်ဝါရီ ၁၁ ရက် အစောပိုင်းက အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး တပ် မတော်သား သုံးဦးအပါအဝင် အနည်းဆုံး လူ ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဒေသစံတော်ချိန် မနက် ၇ နာရီလောက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရပ်သား ငါးဦးအပါအဝင် ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သုံးလအတွင်း မြို့တော် ကဘူးလ်၌ ပထမဆုံးတိုက်ခိုက်ခံရမှုဖြစ်သည်။

မျက်မြင်သက်သေတစ်ဦးက “ပေါက်ကွဲသံအကြီးကြီးကြောင့် အိမ်တောင်လှုပ်သွားပါတယ်၊ နောက်ပြီး သေနတ်သံတွေလည်း ကြားရတယ်၊ လူနာတင်ယာဉ်တွေလည်း အဲဒီနေရာဆီ အမြန်မောင်း သွား ကြတယ်” ဟု  AFP ကိုပြောသည်။

ယခုတိုက်ခိုက်မှုသည် မည်သည့်အဖွဲ့အစည်း၏လက်ချက်ဖြစ်ကြောင်းကိုမူ မသိရသေးပေ။

တာလီဘန်တို့သည် အမေရိကန်တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးဆဲကာလဖြစ်သည့်အတွက် ပြီးခဲ့သည့် ရက်သတ္တပတ်များက အဓိကမြို့ကြီးများတွင် တိုက်ခိုက်ခြင်းကို ရှောင်ကြဉ်ခဲ့ကြသော်လည်း ပြည်နယ်များတွင်မူ တိုက်ခိုက်မှုများ ဆက်ဖြစ်နေခဲ့သည်။

ဝါရှင်တန်နှင့်တာလီဘန်တို့သည် အာဖဂန်မှ အမေရိကန်တပ်များဆုတ်ခွါရေးနှင့် အပြန်အလှန်အားဖြင့် တာလီဘန်က လုံခြုံရေးအာမခံချက်များပေးရမည်ဆိုသည့် သဘောတူညီချက်များအပေါ် အငြင်းအခုံဖြစ်နေစဉ်ကာလအတွင်း ယခုကဲ့သို့ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်လာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly