တရုတ်သမ္မတရှီ ဘေကျင်းဆေးရုံရှိ ကိုရိုနာကူးစက်ခံရသူများကို သွားရောက်ကြည့်ရှု

တရုတ်သမ္မတရှီ ဘေကျင်းဆေးရုံရှိ ကိုရိုနာကူးစက်ခံရသူများကို သွားရောက်ကြည့်ရှု

ဖေဖော်ဝါရီ  ၁၁ ။                           ။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဖေဖော်ဝါရီ ၁၀ ရက်က ဘေကျင်း Ditan ဆေးရုံရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ လူနာတွေကို သွားရောက်ကြည့်ရှုခဲ့ကာ ဝူဟန်က ဆရာဝန်တွေနဲ့ ဗီဒီယိုမှတစ်ဆင့် စကားပြောဆိုခဲ့ပါတယ်။

ဗိုင်းရပ်စ်ဖြစ်ပွားရာဗဟိုချက်ဖြစ်တဲ့ ဝူဟန်ဟာ စိုးရမ်ဖွယ်အခြေအနေဖြစ်နေဆဲဖြစ်ကြောင်းနဲ့  ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ကန့်သတ်ဖို့ ပိုမိုတိကျပြတ်သားတဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယမန်နေ့က သေဆုံးသူ ၁၀၈ ဦးနှင့် ၂၅၀၀ ကျော် ကူးစက်ခံနေရကြောင်း ထပ်မံတွေ့ရှိခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၁၀၁၆ ဦးနှင့် ကူးစက်ခံရသူ ၄၂၆၃၈ ရှိသွားပြီလို့ အမျိုးသားကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ထပ်မံသေဆုံးသူတွေအနက် ၁၀၃ ဦးဟာ ဟူပေပြည်နယ်ကဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့  ဟူပေပြည်နယ်က မြို့ကြီးတွေကို အဝင်အထွက်ပိတ်ဆို့ခဲ့သလို နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်ခြင်း၊ ကမ္ဘာ့လှည့်ခရီးသည်တွေနဲ့ စည်ကားတဲ့နေရာတွေကို ပိတ်ထားခြင်းနဲ့ လူသန်းပေါင်းများစွာကို အိမ်ထဲမှာနေကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီလိုကန့်သတ်မှုတွေကြောင့် မြို့ကြီးတွေဟာ လူသွားလူလာကင်း မဲ့ကာ ခြောက်ကပ်သွားခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တချို့တွေဟာ လုပ်ငန်းခွင်ပြန်ဝင်နေကြပြီး ပုံမှန်အခြေအနေပြန်ဖြစ်နေပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly