ဆေးခြောက်စိုက်သည်ဟုဆိုကာ ဖမ်းခံထားရသည့် မရွှန်းလဲ့မြတ်နိုး လွတ်မြောက်

ဆေးခြောက်စိုက်သည်ဟုဆိုကာ ဖမ်းခံထားရသည့် မရွှန်းလဲ့မြတ်နိုး လွတ်မြောက်
ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ

မန္တလေး၊ ဖေဖေါ်ဝါရီ ၁၀။              ။ မြို့သာ စက်မှု ဥယျာဉ်မြို့တော်တွင် ဆေးခြောက်စိုက်ပျိုးသည်ဟုဆိုကာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောပုဒ်မများဖြင့် အမှုရင်ဆိုင် နေရသည့် မရွှန်းလဲ့မြတ်နိုးကို စွဲချက်မ တင်ဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း မြင်းခြံခရိုင် တရားရုံး သတင်းနှင့်ပြန်ကြားရေး အရာရှိထံက သိရသည်။

မြို့သာ စက်မှု ဥယျာဉ်မြို့တော်တွင် ဆေးခြောက်စိုက်ပျိုးသည်ဟုဆိုကာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဥပဒေ ပုဒ် ၁၆(က)၊၁၉(က) (ခ)၊ ပုဒ်မ ၂၁တို့ဖြင့် အမှုရင်ဆိုင် နေရသူများထဲမှ မရွှန်းလဲ့မြတ်နိုးကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၅၃(၁)အရ တရားရှင်လွှတ်ခဲ့ပြီး ကိုရှိန်းလတ်အား ပုဒ်မ ၁၆(က)၊ ၁၆(ခ)နှင့်၂၀(က)တို့ဖြင့် မြင်းခြံခရိုင် တရားရုံးက စွဲချက်တင် ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက် မွန်းလွဲပိုင်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မြို့သာ စက်မှု ဥယျာဉ်မြို့တော်တွင် ဆေးခြောက်နွယ်ဝင်ပင်များ စိုက်ပျိုးနေသည်ဟု လူမှုကွန်ယက်စာမျက်နှာတွင် သတင်းများ ပျံံ့နှံ့လာပြီး နောက် ၂၀၁၉ခုနှစ် ဧပြီ၂၂ ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ အပါအ ဝင် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး စိုက်ခင်း ဝန်ထမ်းများ ဖြစ်သည့် ကိုရှိုင်းလတ် နှင့် မရွှန်းလဲ့မြတ်နိုး အပါအဝင် အမေရိကန် နိုင်ငံသား Mr.Alexander Skemp Todoroki နှင့် Mr.John Fresric တို့ကို ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် Mr.Alexander Skemp Todoroki မှာ ဖမ်းဆီးသည့်နေ့တွင် လွတ်မြောက်သွားပြီး Mr. Johm Fresric မှာလည်း အာမခံဖြင့် အမှုရင်ဆိုင်ရာမှ တိမ်းရှောင်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required