ပြည်ပတင်ပို့မည့် ကျွဲနွားများ အလေးချိန်သတ်မှတ်ချက်ကြောင့် မွေးမြူ တင်ပို့ရောင်းချသူတွေအခက်ခဲဖြစ်

09 February 2020
ပြည်ပတင်ပို့မည့် ကျွဲနွားများ အလေးချိန်သတ်မှတ်ချက်ကြောင့် မွေးမြူ တင်ပို့ရောင်းချသူတွေအခက်ခဲဖြစ်

ပြည်ပတင်ပို့ရောင်းချမယ့် ကျွဲနွား တစ်ကောင်ရဲ့ အလေးချိန်ကို 220kg နဲ့အထက် သတ်မှတ် လိုက်တဲ့အတွက် စစ်ကိုင်းတိုင်းအတွင်းက ကျွဲ နွား မွေးမြူ တင်ပို့ ရောင်းချသူတွေ အနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ မွေးမြူနေတဲ့ ဒေသရင်း နွားများအနေနဲ့220kg အောက်သာရှိပြီး 220Kg အထက်နွားများမှာ မရှိသလောက်ရှားပါးခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်နေတာပါ။ဒါကြောင့် ကျွဲ နွား မွေးမြူ တင်ပို့ ရောင်းချနေသူများ အဆင်ပြေစေဖို့အတွက် 220kg သတ်မှတ်ထားချက်ကို ဖြေလျှော့ပေးဖို့ လိုအပ်နေခြင်းဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ်  -   အောင်ကိုဦး

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly