ပင်လယ်ဖျံတစ်ကောင်ရဲ့ လည်ပင်းမှာ ရစ်ပတ်မိနေတဲ့ ကြိုးကို ဖယ်ရှားပေး

ပင်လယ်ဖျံတစ်ကောင်ရဲ့ လည်ပင်းမှာ ရစ်ပတ်မိနေတဲ့ ကြိုးကို ဖယ်ရှားပေး

ဖေဖော်ဝါရီ ၉ ။          ။ အီကွေဒေါနိုင်ငံမှာ ပင်လယ်ဖျံပေါက်စလေးတစ်ကောင်ရဲ့ လည်ပင်းမှာ ရစ်ပတ်မိနေတဲ့ ကြိုးတစ်ချောင်းကို ဂါလာပါဂို့စ် အမျိုးသားဥယျာဉ်က ဝန်ထမ်းတွေက ဖြုတ်ယူဖယ်ရှားပေးပြီး ဖျံလေးရဲ့ အသက်ကို ကယ်ဆယ်ပေးခဲ့ရပါတယ်။

လည်ပင်းမှာ ကြိုးပတ်မိနေပြီး ဒုက္ခရောက်နေတဲ့ အဆိုပါ ပင်လယ်ဖျံလေးကိုတော့ ဆန်တာခရုစ်ကျွန်းမှာ အမျိုးသားဥယျာဉ်ဝန်ထမ်းတွေက ကယ်ဆယ်ပေးခဲ့ရတာဖြစ်တယ်လို့ အီကွေဒေါ သဘာဝပတ်ဝန်း ကျင် ဆိုင်ရာ အာဏာပိုင်အဖွဲ့က ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ကမ်းရိုးတန်း ရှင်းလင်းရေး အလုပ်တွေ လုပ်နေခဲ့ကြတဲ့ ဝန်ထမ်းတွေဟာ အဆိုပါ ပင်လယ်ဖျံလေးကို အချိန်မီတွေ့ရှိပြီး အသက်ဘေးကနေ လွတ်အောင် ကယ်ဆယ်ပေးခဲ့ရပါတယ်။

အဆိုပါ ပင်လယ်ဖျံသားပေါက်လေးကို ကယ်ဆယ်ပေးခဲ့ရတဲ့အချိန်တုန်းက လုပ်ရကိုင်ရ လွယ်ကူအောင်လို့ မိခင် ပင်လယ်ဖျံမကြီးကိုပါ အနားမှာ ထားရှိပြီး လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

အီကွေဒေါ ကမ်းရိုးတန်းရဲ့ အပြင်ဘက် ကီလိုမီတာ ၁,၀၀၀ မှာ တည်ရှိတဲ့ ကျွန်းတွေမှာတော့ ဂါလာပါဂို့စ်လိပ်ကြီးတွေ၊ ကုန်းနေ ရေနေ ဖွတ်ကြီးတွေ၊ ပင်လယ်ဖျံကြီးတွေ အပါအဝင် ငှက်မျိုးစုံ  နေထိုင် ကျက်စားလျက် ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly