‘ကမ္ဘာ့အကောင်းဆုံးကစားသမားနဲ့ ကျနော်တို့ ပြောဆိုမှုတွေရှိနေပြီး … စာချုပ်သစ်ချုပ်ဖို့က ဘယ်တုန်းကမှ မလွယ်ကူပါဘူး။’ - အဘီဒယ်လ်

‘ကမ္ဘာ့အကောင်းဆုံးကစားသမားနဲ့ ကျနော်တို့ ပြောဆိုမှုတွေရှိနေပြီး … စာချုပ်သစ်ချုပ်ဖို့က ဘယ်တုန်းကမှ မလွယ်ကူပါဘူး။’ - အဘီဒယ်လ်
Photo: EPA

ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ အဘီဒယ်လ်က မက်ဆီနဲ့ စာချုပ်သစ်ချုပ်ဆိုတိုင်းမှာ သဘောတူညီမှုရဖို့ဆိုတာ "ဘယ်တုန်းကမှ လွယ်ကူမှု မရှိခဲ့ဘူး"လို့ ဝန်ခဲ့ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က မက်ဆီရဲ့ ဝေဖန်မှုကို ခံခဲ့ရတဲ့ အဘီဒယ်လ်က အသင်းဖော်ဟောင်းနဲ့ ပတ်သက်ပြီးတော့ ပြောဆိုမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ အခုလို ဖွင့်ဟခဲ့တာပါ။

မန်ချက်စတာစီးတီးအပါအဝင် တခြားအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင်ဟာ နူးကမ့်မှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိနေပြီး စာချုပ်သစ်ချုပ်ဆိုရာမှာ သဘောတူညီမှုရဖို့ ရှုပ်ထွေးမှုတွေရှိနေတယ်လို့ အဘီဒယ်လ်က ဝန်ခံခဲ့ပါတယ်။

"စာချုပ်သစ်ချုပ်ဆိုမှုက သူ့အတွက် မေးခွန်းတစ်ခုလိုပါပဲ။ သူအသင်းမှာ ဆက်ရှိမယ်လို့ မျှော်လင့်ပါတယ်။"လို့ အဘီဒယ်လ်က စပိန်အားကစားသတင်းစာ Mundo Deportivo ကို ပြောကြားခဲ့ပါတယ်။

"ဘာကာာက သူ့အတွက် အရာရာတိုင်းပါလို့ လီယိုက ပြောလေ့ရှိပါတယ်။ သူ အသင်းမှာ ဆက်ရှိနေချင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားနဲ့ ကျနော်တို့ ပြောဆိုမှုတွေရှိနေပြီး ဒီလိုကစားသမားမျိုးကို စာချုပ်သစ်ချုပ်ဖို့က ဘယ်တုန်းကမှ မလွယ်ကူပါဘူး။"

မက်ဆီရဲ့ လက်ရှိစာချုပ်ကတော့ တစ်နှစ် ပေါင် ၂၅.၅ သန်း တန်ကြေးရှိပြီး ၂၀၂၁ ခုနှစ် နွေရာသီအထိဖြစ်ပါတယ်။ ဒါပေမယ့် အသင်းမှာ သူမပျော်တော့ဘူးဆိုရင် ရာသီကုန်မှာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး အလွတ်ထွက်ခွာနိုင်တဲ့ အခွင့်အရေးကို ရရှိထားသူဖြစ်ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly