ပြည်တွင်းလက်လီ လုပ်ငန်းတွေအတွက် ယှဉ်ပြိုင်မှု မျှတတဲ့ ဈေးကွက်အဖြစ် မြှင့်တင်ပေးရန် လိုအပ်

08 February 2020
ပြည်တွင်းလက်လီ လုပ်ငန်းတွေအတွက် ယှဉ်ပြိုင်မှု မျှတတဲ့ ဈေးကွက်အဖြစ် မြှင့်တင်ပေးရန် လိုအပ်

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အားကောင်းလာတာနဲ့အမျှ ပြည်တွင်း လက်လီ လုပ်ငန်းတွေအတွက် ဈေးကွက် အတွင်း ယှဉ်ပြိုင်မှု မျှတစေရန် အစိုးရမှ ချေးငွေ ရရှိမှုဆိုင်ရာ ဘဏ်လုပ်ထုံးလုပ်နည်း မူဝါဒများ ဖြေလျှော့ပေးရန် လိုအပ်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ လက်လီဈေးကွက်တွေအပေါ် လေ့လာ၍ ပံ့ပိုးကူညီပေးဖို့ လိုအပ်နေ တယ်လို့ မြန်မာနိုင်ငံ လက်လီရောင်း ချသူများအသင်းထံမှ သိရသည်။

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း အနေနဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့၊ Fortune Plaza တွင် မြန်မာနိုင်ငံရဲ ့ပထမဆုံး လက်လီရောင်းချခြင်းဆိုင်ရာ ကုန်စည်ပြပွဲနဲ့ ဝါရင့် လက်လီရောင်းချခြင်း ဆိုင်ရာ ပညာရှင်များ ပါဝင်ဆွေးနွေးသွားမယ့် Myanmar Retail Summit & Expo 2020 ကို ကျင်းပသွားမှာ ဖြစ်ပြီး ဆိုင်ခန်း ပေါင်း ၁၂၀ ကျော် ပါဝင်ပြသလျက်ရှိသည်။

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ရှမ်း၊ ကချင်၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတို့တွင် အသင်းခွဲများ ဖွဲ့စည်းထားရှိပြီး လက်လီရောင်းချသူ လုပ်ငန်းရှင် စုစုပေါင်း ၂၀၀၀ ကျော်ခန့် ပါဝင်လျက်ရှိသည်။

မြန်မာနိုင်ငံ လက်လီရောင်းချ သူများအသင်း အနေနဲ့ လက်ရှိတွင် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေရှိ လက်လီ ရောင်းချသူများအသင်းတွင် ပါဝင်ထားပြီး မြန်မာနိုင်ငံ အနေနဲ့လည်း အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် ရည်ရွယ် ထားကာပြည်တွင်းရှိ တိုင်းဒေသကြီးများတွင် လက်လီဈေးကွက်ဆိုင်ရာ အသိပညာဆွေးနွေးပွဲများ နဲ့ ကုန်စည်ပြပွဲများ ပြုလုပ်၍ ပြည်တွင်း ပြည်ပမှ လက်လီလုပ်ငန်းရှင်ကြီးများ၊ ပညာရှင်များအား ဖိတ်ခေါ်ဆွေးနွေးမှုများ ဆက်လက် ကျင်းပ သွားဖို့ ရှိသည်ဟု သိရသည်။ ရိုက်ကူး / တည်းဖြတ် - ဟိန်းသက်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required