ကမ္ဘာ့အရှားပါးဆုံးနှင့် ဈေးအကြီးဆုံး ဝီစကီများ လေလံတင်

ကမ္ဘာ့အရှားပါးဆုံးနှင့် ဈေးအကြီးဆုံး ဝီစကီများ လေလံတင်
Photo: AFP

ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အဖျော်ယမကာပုလင်းတွေ ထုတ်လုပ်ရာ လုပ်ငန်းရှင်ကြီးတစ်ဦး တစ်ကိုယ်ရည် တစ်ကာယ စုဆောင်းထားခဲ့တဲ့ ကမ္ဘာ့ အရှားပါးဆုံးနဲ့ ဈေးအကြီးဆုံး ဝီစကီတွေကို အွန်လိုင်းလေလံကနေ ဖေဖော်ဝါရီ ၇ ရက်မှ စတင်လေလံတင် ရောင်းချခဲ့ပါတယ်။

ကွယ်လွန်သူ Pepsi ပုလင်း ထုတ်လုပ်ရေး ကုမ္ပဏီ အမှုဆောင်အရာရှိ ရစ်ချတ်ဂွတ်ဒင်း စုဆောင်းထားခဲ့တဲ့ ဝီစကီပုလင်းတွေ လေလံတင်တဲ့ Perfect Collection မှာ ပေါင် တစ်သန်းကျော် တန်ဖိုးရှိတဲ့ နှစ် သက်တမ်း ၁၀၀ ကျော် ပုလင်းတွေလည်း ပါဝင်ကြောင်း Whisky Auctioneer ကုမ္ပဏီက ပြောပါတယ်။

အခု လေလံတင်ရောင်းချရာမှာ မုယောစပါး စကော့ဝီစကီ အများစု အပါအဝင် ဖြစ်တဲ့ ပုလင်းပေါင်း ၃၉၀၀ ကို နှစ်သုတ်ခွဲပြီး လေလံတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။

ပထမသုတ်အနေနဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ စတင်ပြီး ပုလင်းပေါင်း ၁၉၄၉ ကို ဆယ်ရက်တာ လေလံတင်သွားမှာပါ။ ဒီ လေလံရောင်းချရာမှာ နှစ်သက်တမ်း ၆၀ ရှိတဲ့ ရှားပါး Macallan 19256 Valerio Adami ပုလင်းနဲ့ နှစ် ၅၀ သက်တမ်းရှိ Springbank 1919 ဝီစကီ ပုလင်းတွေ ပါဝင်ပါတယ်။

Macallan ဝီစကီပုလင်းတစ်လုံးကို အောက်တိုဘာလအတွင်းက Sotheby လေလံရုံးကနေ ရောင်းချခဲ့ရာမှာ ကမ္ဘာ့ဈေးအကြီးဆုံးအဖြစ် ပေါင် ၁ ဒသမ ၅ သန်း(အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ သန်း)နဲ့ စံချိန်တင် ရောင်းချထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခု လေလံပွဲရဲ့ ဒုတိယအသုတ်ကိုတော့ ဧပြီ ၁၀ ရက်ကနေ ၂၀ ရက်အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး လေလံဆွဲဖို့ မှတ်ပုံတင်သူ ထောင်ပေါင်းများစွာ ရှိနေကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required