ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အမေရိကန်က တရုတ်နဲ့ အခြားနိုင်ငံများကို ဒေါ်လာ သန်း ၁၀၀ လှူဒါန်း

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အမေရိကန်က တရုတ်နဲ့ အခြားနိုင်ငံများကို ဒေါ်လာ သန်း ၁၀၀ လှူဒါန်း
Photo: AFP

အလျင်အမြန် ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုရိုဗိုင်းနာရပ်စ် တိုက်ဖျက်ရေးအတွက် အမေရိကန်နိုင်ငံဟာ တရုတ်နဲ့ အခြား ဖြစ်ပွားရာနိုင်ငံတွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းပါတယ်။

“အမေရိကန် ပြည်သူတွေက ရက်ရက်ရောရော လှူဒါန်းတဲ့ ဒေါ်လာ သန်းပေါင်းများစွာနဲ့အတူ အခု လှူဒါန်းငွေဟာ အမေရိကန်ခေါင်းဆောင်တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကို ခိုင်ခိုင်မာမာ တုံ့ပြန်ပြလိုက်တာပါပဲ။”လို့ ထုတ်ပြန်ချက်တစ်ရပ်မှာ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောပါတယ်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

“ကျွန်တော်တို့နဲ့အတူ လက်တွဲချီတက်ဖို့ ကျန်ကမ္ဘာ့နိုင်ငံတွေကိုလည်း တိုက်တွန်းပါတယ်။ အတူတကွ လက်တွဲသွားရင် ဗိုင်းရပ်စ်ရဲ့ ကြီးထွားလာနေတဲ့ ခြိမ်းခြောက်မှုကို ထိန်းချုပ်ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုဟာ တရုတ်နိုင်ငံအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပြည်ပနိုင်ငံတွေမှာ အခြေခံအဆောက်အအုံတွေ အားသွန်တည်ဆောက်နေမှုတွေအတွက် အကြိမ်ကြိမ် ဝေဖန်နေခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်အရေးမှာ အမေရိကန်အနေနဲ့ တရုတ်နိုင်ငံကို တိုက်ရိုက်ဖြစ်ဖြစ်၊ နှစ်ဖက်ချိတ်ဆက်အဖွဲ့အစည်းတွေကနေဖြစ်ဖြစ် ကူညီထောက်ပံ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ခုလို အမေရိကန်နိုင်ငံက ဒေါ်လာသန်း ၁၀၀ မတည်လှူဒါန်းလာတာဟာ တရုတ်က အမေရိကန်အပေါ် ကိုရိုနာဗိုင်းရပ်စ်အရေးမှာ အထိတ်တလန့်ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ဝေဖန်ပြီးနောက်ပိုင်း လှူဒါန်းလာတာလည်း ဖြစ်ပါတယ်။

အမေရိကန်ဟာ တရုတ်နိုင်ငံဆီ ခရီးသွားရောက်ခဲ့တဲ့ နိုင်ငံခြားသား ဧည့်သည်အားလုံးကို ပြည်ဝင်ခွင့်ပိတ်လိုက်ပြီး ကိုရိုနာဗိုင်းရပ်စ်အရေးမှာ အထိတ်တလန့်ဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ တရုတ်နိုင်ငံက ပြစ်တင်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required