မိုဘိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီ One Pay နှင့် မိတ်ဖက် AGD Bank တို့ ပူးပေါင်း၍ One Pay Application အား စတင်မိတ်ဆက်

07 February 2020
မိုဘိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီ One Pay နှင့် မိတ်ဖက် AGD Bank တို့ ပူးပေါင်း၍ One Pay Application အား စတင်မိတ်ဆက်

အီလက်ထရောနစ် ပိုက်ဆံအိတ် (E-Wallet) ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီဖြစ်တဲ့ One Pay နဲ့ တရားဝင် ငွေကြေးဆိုင်ရာ နည်းပညာမိတ်ဖက် ဖြစ်တဲ့ အာရှစိမ်းလန်း မှုဖွံ့ဖြိုးရေးဘဏ် (AGD) တို့ ပူးပေါင်း၍ နေ့စဉ်လူနေမှုဘဝတွင် ပါဝင်နေသည့် လုပ်ငန်းများတွင် မိုဘိုင်းငွေကြေးစနစ်ဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုပြုလုပ်နိုင်မယ့် One Pay Application ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စတင်မိတ်ဆက် ခဲ့သည်။  မြန်မာနိုင်ငံတွင် ငွေသားမဲ့ပေးချေမှုဈေးကွက်စနစ် (E-Commerce) တွင်ကျယ်လာချိန်တွင် One Pay Application အနေဖြင့် အသုံးပြုသူများ နှင့် စီးပွားရေးလုပ်ငန်းများအကြား နေ့စဉ်လူနေမှုဘဝတွင် လိုအပ်လျက်ရှိတဲ့ ဝန်ဆောင်မှုများကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ထားသည် ဟု သိရသည်။

One Pay Application ကို မှတ်ပုံတင်ထားသော ဆင်းကဒ် နှင့် စမတ်ဖုန်း ရှိသူတိုင်း အသုံးပြုနိုင်မှာဖြစ်ပြီး အဆိုပါ Application တွင် ပါဝင်တဲ့ ဝန်ဆောင်မှုတွေ အနေနဲ့ ဖုန်းငွေဖြည့်သွင်းခြင်း၊ Online တွင် ဈေးဝယ်ခြင်း၊ အားကစားရုံခရီးသွားလက်မှတ်များ ဝယ်ယူခြင်း၊ နိုင်ငံအနှံ့ရှိ လက်လီဆိုင်များတွင် QR Code စနစ်ဖြင့် ငွေပေးချေခြင်း၊ စားသောက်ဆိုင်များမှ တစ်ဆင့် အစားအသောက်များမှာယူနိုင်ခြင်း၊  သက်ဆိုင်ရာ ကိုယ်စားလှယ်များမှ တစ်ဆင့် ငွေသွင်း ငွေထုတ် ပြုလုပ်နိုင်ခြင်း၊ အသုံးပြုသူ အချင်းချင်း ငွေလွှဲပြောင်းနိုင်ခြင်း၊ ငွေကြေးလှူဒါန်းခြင်း၊ မိတ်ဖက် AGD ဘဏ်အကောင့် နှင့် လျှင်မြန်စွာ ချိတ်ဆက်နိုင်သည့်အပြင် VISA, Master Card နဲ့ MPU ကတ်များမှ တစ်ဆင့် Application အတွင်း ငွေဖြည့်သွင်းနိုင်ခြင်းတို့ကို ဟု သိရသည်။

One Pay Application အား Google Play Store နှင့် iOS တို့တွင် ရယူနိုင်ပြီး အသုံးပြုသူများ အနေဖြင့် Application တွင် ပါဝင်သည့် ဝန်ဆောင်မှုအမျိုးအစားအလိုက် သီးသန့်လျှော့ဈေးများ နဲ့ ပရိုမိုးရှင်းများ ပါဝင်မှာဖြစ်ကာ AGD Pay တွင် ပါဝင်သော လုပ်ဆောင်ချက်များကိုလည်း ဆောင်ရွက်နိုင်မည် ဟု သိရသည်။

ရိုက်ကူး/တည်ဖြတ်  -   ဟိန်းသက်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly