ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်နေချိန် ကောလဟလကြောင့် အိမ်သာသုံးစက္ကူတွေ အလုအယက် ဝယ်ယူ

ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်နေချိန် ကောလဟလကြောင့် အိမ်သာသုံးစက္ကူတွေ အလုအယက် ဝယ်ယူ

ဖေဖော်ဝါရီ ၆  ။                        ။ ဟောင်ကောင်က အထိတ်တလန့်ဖြစ်နေတဲ့ ဈေးဝယ်သူတွေဟာ စူပါမားကက်တွေဆီ ရောက်ရှိလာကြပြီး အိမ်သာသုံးစက္ကူတွေ ရနိုင်သလောက် အမြန်အဆန် ဝယ်ယူ နေကြပါတယ်။အိမ်သာသုံးစက္ကူတွေ ပြတ်လပ်ကုန်ပြီဆိုတဲ့ ကောလဟလ အွန်လိုင်းသတင်းတုကြောင့် ခုလို အိမ်သာသုံးစက္ကူတွေကို အရ ဝယ်ယူနေကြတာဖြစ်ပါတယ်။

လူသေစေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူဦးရေ ခုနစ်သန်းရှိရာ ဟောင်ကောင်မြို့မှာ ခုလို အထိတ်တလန့် ဖြစ်စေတဲ့ ကောလဟလတွေကြောင့် အိမ်သာသုံးစက္ကူတွေ အပြေးအလွှား ဝယ်ယူလာကြတာကို အာဏာပိုင်တွေက စိတ်အေးအေး ထားဖို့ မေတ္တာရပ်ခံ နေရပါတယ်။

ဈေးဝယ်သူတွေဟာ ဈေးဝယ်တွန်းလှည်းပေါ် အိမ်သာသုံးစက္ကူလိပ်တွေ ရသလောက် ထည့်ပြီး အလုအယက် စီတန်းဝယ်ယူနေကြတာကို စူပါမားကက်တွေမှာ မြင်တွေ့ရပါတယ်။
ဆန်နဲ့ ခေါက်ဆွဲခြောက်တွေကိုလည်း စိုးရိမ်စိတ်နဲ့ အများအပြား ဝယ်ယူလို့ လာနေပါတယ်။

“အားလုံးက အိမ်သာသုံးစက္ကူတွေကို တွန်းလှည်းပေါ် တလိပ်ပြီး တလိပ် ထည့်ပြီး ရသလောက် ဝယ်ယူနေကြတယ်။ ကျွန်မလည်း သူတို့လိုပဲ လိုက်ဝယ်မိတာပေါ့။ ကျွန်မ အိမ်မှာက တစ်လိပ်ပဲ ရှိတော့တာလေ။”ဟု မြို့က ကျောင်းတစ်ကျောင်းမှာ စာသင်နေတဲ့ အသက် ၃၂ နှစ်အရွယ် ဗြိတိန်ဆရာမတစ်ဦးက ပြောပါတယ်။

ဆန်နဲ့ အိမ်သာသုံးစက္ကူတွေ ပြတ်လပ်နေပြီဆိုတဲ့ ကောလဟလတွေကြောင့် စိုးရိမ်တကြား ဝယ်ယူကြပြီး တစ်ချို့နေရာတွေမှာ ဝရုန်းသုန်းကားဖြစ်နေရတယ်လို့ ဆိုရင်း ဟောင်ကောင်အစိုးရဟာ ပြည်သူတွေ အထိတ်တလန့် မဖြစ်ကြဖို့ ဖေဖော်ဝါရီ ၆ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly