ကျောက်စိမ်းဘုရားအနီးတွင် တရားမ၀င်အခွန်မဆောင်ပဲ ဥပဒေမဲ့ စျေးတန်းကြီးဖြစ်နေသဖြင့် အမြန်ဆုံးဖျက်သိမ်း ပေး ရန် စျေးသူစျေးသားများက ဆန္ဒထုတ်ဖော်

ကျောက်စိမ်းဘုရားအနီးတွင် တရားမ၀င်အခွန်မဆောင်ပဲ ဥပဒေမဲ့ စျေးတန်းကြီးဖြစ်နေသဖြင့် အမြန်ဆုံးဖျက်သိမ်း ပေး ရန် စျေးသူစျေးသားများက ဆန္ဒထုတ်ဖော်
(ဓာတ်ပုံ- ထက်မြတ်/မဇ္ဈိမ)

ဖေဖော်ဝါရီ ၆  ။                 ။ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ဆင်ရွာ၊မြင်းမှူးဒေသရှိ ကျောက်စိမ်းဘုရားတွင် ဖွင့်လှစ်ထားသော စျေးအား တ ရားမ၀င်အခွန်မဆောင်ပဲ ဥပဒေမဲ့စျေးတန်းကြီး ဖြစ်ခြင်း ကြောင့် အမြန်ဆုံးဖျက်သိမ်းပေးရန် လူအင်အားနှစ် ဆယ် ကျော်ဖြင့် ဖေဖော်ဝါရီ ၆ရက်နေ့ နေ့လည် ၂နာရီက ကျောက်စိမ်းဘုရားမြောက်ဘက်မုခ်မှ စတင် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ဗုဒ္ဓဘာသာသနာမညှိနွမ်းစေရန်အတွက် ကျောက်စိမ်းဘုရားကြီးဘေးပတ်လည်ရှိ တရားမ၀င်အခွန်မဆောင် ဥပဒေမဲ့ရောင်းချနေခြင်းအား ဥပဒေအရအရေးယူပေးပါရန်နှင့် ကျောက်စိမ်းဘုရားကြီး စည်ပင်သာယာစျေးအ မြန်ဆုံးပေါ်ထွက်လာစေရန် ကျောက်စိမ်းဘုရားအနောက်ဘက်မုခ်မှ ဘုရားတစ်ပတ်ပတ်ကာ ဆန္ဒထုတ်ဖော်မှု ကို ပြုလုပ်ခဲ့သည်။

`` မီးကြိုးကိုသာသွယ်တန်းခဲ့ပြီးတော့ မီးပွင့်ကိုကြတော့ တပ်ဆင်ပေးခြင်းမရှိဘူး၊ အဲဒါကိုတစ်ပွင့်ကို နှစ်ရာနှုန်းနဲ့ ငါးပွင့်ဆိုရင် တစ်ထောင်နှုန်းနဲ့ အနည်းဆုံးငါးပွင့်ယူပြီး တော့ပေးဆောင်နေရတာ ဖြစ်ပါ တယ်၊အချို့ဆိုရင် ဆယ်ပွင့် ယူတဲ့သူရှိတယ်၊ အပွင့်နှစ်ဆယ်ယူတဲ့လူလည်းရှိတယ်၊ ဆိုင်ခန်းပေါင်းတစ်ရာကို နိုင်ငံတော်အစိုးရလျှပ်စစ်မီးကို ရောင်းစားနေတဲ့ကိစ္စကို ဘယ်အစိုးရ၊ ဘယ်သက်ဆို င် ရာ ဌာ နက ၀င်ရောက်ဖြေရှင်းမှုမရှိဘူး၊ ပိုင်ရာဆိုင်ရာတွေရဲ့ အကာအကွယ်ကိုရယူပြီးမှ ယခုလိုဥပဒေမဲ့လုပ်ရပ်တွေကိုခွင့်ပြုထားတယ်လို့ပဲပြောခြင်တယ်၊ ဒါကြောင့် အခုလို လမ်းပေါ်ထွက်ဆန္ဒထုတ် ဖော်တာဖြစ် ပါတယ်၊``ဟု စားသောက်ဆိုင်ပိုင်ရှင် ဦးအောင်မော်ဦးကပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် တရားဥပဒေစိုးမိုးရေး ဒို့အရေး၊ ဘုရားကြီးစျေးဆိုင်ခန်းများအား နိုင်ငံတော် စည်ပင် သာယာစျေးအဖြစ် အမြန်ဆုံးဆောင်ရွက်ရေ ဒုိ့အရေး၊ နိုင်ငံတော်ပိုင်လျှပ်စစ်မီကို ဥပဒေမဲ့ ရောင်းစားနေမှုအား ဥပဒေအရ ထိထိရောက်ရောက်အရေးယူပေးရေး ဒို့အရေး တို့ကြွေးကြော်ခဲ့သည်။

`` ကျွန်တော်တို့ အခုလိုမျိုးဖြစ်တယ်လို့မခံစားရပါဘူး၊ ကျွန်တော်တို့က ဆိုင်ခန်းတွေဖျက်မှာကိုတောင်စိုးရိမ်ရ နေပါတယ်၊ သူကထွက်လို့ရှိရင် အကုန်လုံးထွက်ဆိုတဲ့ပုံစံမျိုးလုပ်နေတာပါ၊ အခုဆန္ဒထုတ်ဖော်တာမှာ ဆိုင်ခန်း ရှင်တွေမပါ၀င်ကြပါဘူး နှစ်ဦးတည်းက ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်၊ `` ဟု ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ၊ စျေးအကျိုးတော်ဆောင်အဖွဲ့၀င်တစ်ဦးဖြစ်သည့် ဦးတိုးတိုးကပြောသည်။

ကျောက်စိမ်းဘုရားတွင် စားသောက်ဆိုင်၊ အထည်ဆိုင်၊ အမှတ်တရပစ္စည်းဆိုင်များအပါအ၀င် ဆိုင်ခန်းပေါင်း တစ်ရာကျော်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required