မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်သံသယလူနာနှင့် စောင့်ကြည့်လူနာ ရှစ်ဦးရှိနေ၊ ဓာတ်ခွဲနမူနာများ ထိုင်းကို ပို့ထား

06 February 2020
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်သံသယလူနာနှင့် စောင့်ကြည့်လူနာ ရှစ်ဦးရှိနေ၊ ဓာတ်ခွဲနမူနာများ ထိုင်းကို ပို့ထား

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ် သံသယလူနာနှစ်ဦးနဲ့ စောင့်ကြည့်လူနာ ခြောက်ဦးရှိနေပြီး ရောဂါရှိမရှိစစ်ဆေးဖို့ ဓာတ်ခွဲနမူနာတွေကို ထိုင်းနိုင်ငံက National Institute of Health ကို ပေးပို့ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက မဇ္စျိမကို ပြောပါတယ်။ ရောဂါရှိ၊ မရှိအတည်ပြုဖို့ လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ထိုင်းနိုင်ငံကို ပေးပို့ထားပြီး ပေးပို့ဖို့ကျန်နေတဲ့ လူနာ၂ ဦးအတွက်ကိုလည်း ဒီကနေ့ ဖေဖော်ဝါရီလ ငါးရက်နေ့မှာ ထပ်မံပေးပို့သွားမှာဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ လူနာတွေထဲက တောင်ကြီးမြို့မှာ ဆေးကုသမှုခံယူနေတဲ့ ကိုရီးယားနိုင်ငံသားတစ်ဦးကတော့ ရောဂါလက္ခဏာတွေနဲ့ ကိုက်ညီမှုတစ်စုံတစ်ရာမရှိလို့ ဓာတ်ခွဲစစ်ဆေးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

တည်းဖြတ် / တင်ဆက် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly