ပြည်ပသွားရောက်ယှဉ်ပြိုင်မည့် ခြင်းလုံးအားကစားသများကို မန္တလေးတွင် ရွေးမည်

ပြည်ပသွားရောက်ယှဉ်ပြိုင်မည့် ခြင်းလုံးအားကစားသများကို မန္တလေးတွင် ရွေးမည်

မန္တလေး၊ ဖေဖေါ်ဝါရီ ၅။        ။ မန္တလေးခရိုင်၊ အမရပူရမြို့နယ်ဆင်ရွာမြင်းမှူးဒေသတွင် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်နှင့် ပိုက်ကျော် ခြင်းအဖွဲ့ချုပ် ဖလားပြိုင်ပွဲကျင်းပပြုလုပ်ကာလက်ရွေးစင်အားကစားသမားများကို ရွေးချယ်သွားမည်ဟု မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်၊ အတွင်းရေးမှူး ဦးချစ်ငြိမ်းလွင်ကပြောသည်။

ရွေးချယ်ခံရမည့် ကစားသမားများသည် ၂၀၂၀ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ နိုင်ငံတကာပြိုင်ပွဲ ၂၃ခုတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“ ပွဲစဉ်တွေအားလုံးကနေပြီးတော့ ကစားသမားရွေးချယ်ဖို့အတွက် ရွေးချယ်ရေး အဖွဲ့ကို ဖွဲ့ထား ပြီးပါပြီ၊ အဲအဖွဲ့ကနေပြီးတော့ ပဏာမ လက်ရွေးစင်အားကစားသမားတွေကို ရွေးချယ်သွားမှာဖြစ်ပါတယ်၊ ၂၀၂၀ ကနေ ၂၀၂၃  အထိ နိုင်ငံတကာပြိုင်ပွဲ ၂၃ပွဲယှဉ်ပြိုင်သွားဖို့ရှိပါတယ်၊ အဲပြိုင်ပွဲတွေမှာ ဒီကစားသမားတွေကို အသုံးပြုသွားမှာပါ၊ ဦးရေကတော့ သတ်မှတ်ရခြင်း မရှိသေးပါဘူး၊ အသေးစိတ်အချက်အလက်ကို ထပ်မံထုတ် ပြန်ပေး သွားမှာ  ဖြစ်ပါတယ်”ဟု ဦးချစ်ငြိမ်းလွင် ကပြောသည်။

ယခုကျင်းပမည့်ပြိုင်ပွဲတွင် နိုင်ငံတကာအဆင့်ရှိသည့် အားကစားသမားများ ပါဝင်သည့် အသင်းများနှင့် မျိုးဆက်သစ် အသင်းများ ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်ပြီး ၎င်းတို့အထဲမှ ရွေးချယ်ရေးအဖွဲ့က အချိုးကျ ရွေးချယ်မှု  များကိုပြု လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“ ပြည်ပနိုင်ငံကိုသွားရောက်ယှဉ်ပြိုင်ဖို့အတွက် ပြိုင်ပွဲဝင်ဖူးတဲ့သူ၊ ဆုတွေရရှိဖူးခဲ့သူရယ်လို့ မခွဲခြားပါဘူး၊ ပြိုင်ပွဲ မှာ ဒိုင်တွေ ရွေးချယ်တဲ့ အပေါ် မူတည်ပြီးတော့ပဲ လုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ ရွေးချယ်ရာမှာ ပိုက်ကျော် ခြင်းအဖွဲ့ချုပ် နဲ့ အားကစားနဲ့ ကာယသိပ္ပံက တာဝန်ရှိသူတွေ ကလာပြီးအကဲဖြတ်ပေးသွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်၊ အမှုဆောင်အဖွဲ့ဝင်၊ နိုင်ငံလက်ရွေးစင် အားကစားသမား ဟောင်း ဦးမောင်မောင် ကပြောသည်။

ပြိုင်ပွဲအား ဇန်နဝါရီ ၈ရက်နေ့ ၁၂ရက်နေ့ထိ ကျင်းပမည်ဖြစ်ကာ အသင်း ၁၇သင်းဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး ပိုက်ကျော်ခြင်းအသင်းပေါင်း ၁၇သင်းမှ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ ခွဲကာယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ယခုပြိုင်ပွဲ ကျင်းပရခြင်းမှာ မျိုးဆက်သစ်လူငယ်များ ပေါ်ပေါက် လာစေရန် အတွက် အဓိကရည်ရွယ်လုပ်ဆောင် ခြင်းဖြစ်ပြီး မြန်မာပိုက်ကျော်ခြင်း အားကစား ပိုမိုတိုးတက်လာစေရန် ယခုကဲ့သို့လုပ်ဆောင်ပေးခြင်း ဖြစ်သည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်အတူ ခြင်းလုံးပြိုင်ပွဲကိုလည်း ထည့်သွင်းထားရှိပြီး ၁၀ပေါက်တန်း၊ ခြောက်ပေါက်တန်းခွဲခြား ကာ ပြိုင်ပွဲပြုလုပ် ပေးသွားမည်ဖြစ်သည်။ ပြိုင်ပွဲကာလတွင် လာရောက်ကြည့်ရှုသူများ နှင့် အားကစား  သမားများကို Mask များပေးဝေခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့်စစ် ဆေးခြင်းများကို လုပ်ဆောင်မည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly