ကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ ၁၅ မျိုး

ကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ ၁၅ မျိုး

ရေးသားသူ Ye Zon Aung

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ – မောင်မျိုးအောင် (ဆေး – ၁)

အခုတစ်လော ဝူဟန်ကအစပြုတဲ့ corona virus ကလည်းနာမည်ကြီးနေသလို ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ တုတ်ကွေးဖျားနာတွေကလည်း ဖြစ်ပွားနေတာကြောင့် ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေကို ဂရုတစိုက်ရွေးချယ်စားသောက်ပေးဖို့ အလွန်အရေးကြီးလှပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ခန္တာကိုယ်ကို ကိုယ်ခံအားကောင်းမွန်စေမယ့် အစားအစာ ၁၅ မျိုးအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

၁ – အချဉ်ဓာတ်ပါသော အသီးများ

အအေးမိဖျားနာပြီးကာစ တော်တော်များများက အချဉ်ဓာတ်ပါတဲ့ ဗီတာမင်စီ ဖြည့်တင်းဖို့လို့ပါတယ်။ ဘာလို့လည်းဆိုတော့ ဗီတာမင်စီ ကကိုယ်ခံအားကိုတက်စေနိုင်လို့ပါ။

ရောဂါတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥအရေအတွက်ကိုလည်း ဗီတာမင်စီက တိုးတက်စေပါတယ်။

အချဉ်ဓာတ်ပြည့်ဝစွာပါဝင်တဲ့ အသီးတွေကတော့

  •  ရှောက်ခါးသီး ( ဂရိတ်ဖရု )
  •  လိမ္မော်သီး
  •  ကဗ္ဗလာသီး
  •  သံပုရာသီး
  •  ရှောက်သီး
  •  ကျွဲကောသီး အစရှိသည်တို့ပဲဖြစ်ပါတယ်။

အရေးကြီးတဲ့အချက်ကတော့ သင့်ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်၊ မသိုလှောင်နိုင်တဲ့အတွက် နေ့စဉ်လုံလောက်တဲ့ ဗီတာမင်ပမာဏရရှိအောင် စားသုံးပေးနိုင်ဖို့လုံလောက်ပါတယ်။
အချဉ်ဓာတ်ပါဝင်တဲ့ အသီးတော်တော်များများမှာ ဗီတာမင် စီဓာတ်ပါဝင်တဲ့အတွက် ရွေးချယ်စားသုံးစရာတွေကတော့ အများကြီးရှိနေပါတယ်။
 

၂ – ငရုတ်ပွသီး

အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာပဲ ဗီတာမင် စီပါတယ်လို့ထင်နေရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။

သာမန်အချဉ်ဓာတ်ပါတဲ့ အသီးတွေထက် ငရုတ်ပွသီးမှာ ဗီတာမင်စီ နှစ်ဆလောက်ပိုပြီးပါဝင်နေတာကို အံအားသင့်ဖွယ်တွေ့ရှိပါတယ်။ ဘီတာကယ်ရိုတင်း ( beta carotene ) လို့ခေါ်တဲ့ဓာတ်ပေါင်းတစ်မျိုးလည်း ပါဝင်သေးတာကြောင့် ကိုယ်ခံအားကောင်းလာစေယုံသာမက အသားအရေကိုလည်း လှပလာစေပါလိမ့်မယ်။

၃ – ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီမှာ ဗီတာမင်အပြင် သတ္ထုဓာတ်တွေနဲ့ပြည့်နက်နေပါတယ်။
ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး အပြင်အခြားသော အမျှင်ဓာတ်နဲ့ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်တဲ့ ဓာတ်ပေါင်းတွေပါဝင်တဲ့အတွက် ပန်းဂေါ်ဖီက သင့်ရဲ့ထမင်းစားပွဲပေါ်က ကျန်းမာရေးနဲ့အညီညွတ်ဆုံး အသီးအရွက်တွေထဲက တစ်ခုဆိုရင်မမှားပါဘူး။

၄ – ကြက်သွန်ဖြူ

ကြက်သွန်ကို နေရာအနှံအပြားက ဟင်းပွဲတိုင်းလိုလိုမှာတွေ့နိုင်ပါတယ်။ ဟင်းပွဲတွေအတွက် အရသာတင်မကပဲ ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့ အရာတခုပဲဖြစ်ပါတယ်။

၅ – ဂျင်း

နေမကောင်းဖြစ်တဲ့အခါတိုင်း ဂျင်းပြုတ်ရည် ဒါမှမဟုတ် ဂျင်းတက်လေးတွေပါတဲ့ စွပ်ပြုတ်ပူပူလေးသောက်ပေးရတာကို လူတိုင်းကြုံဖူးမှာပါ။

ဂျင်းရဲ့အစွမ်းကတော့ ကိုယ်ခံအားတက်စေပြီး လည်ချောင်းနာတာတွေအပြင် အခြားသောရောင်ရမ်းခြင်းတွေကိုပါသက်သာစေပါတယ်။

၆ – မြင်းခွာရွက်

မြင်းခွာရွက်ကလည်း ကိုယ်ခံအားကောင်းစေတဲ့အပြင် ဗီတာမင်စီ၊ အိုမင်းမှုကို ကာကွယ်ပေးတဲ့ဒြပ်ပေါင်းတွေနဲ့ ဘီတာကယ်ရိုတင်း တို့ပါဝင်တာကြောင့် ပုံမှန်စားသုံးပေးသင့်ပါတယ်။

၇ – ဒိန်ချဉ်

ဒိန်ချဉ်မှာ ကိုယ်ခံအားကောင်းနိုင်တဲ့ ဓာတ်ပေါင်းစုံအပြင် ဗီတာမင်ဒီလည်း ပေါများစွာပါဝင်ပါတယ်။ ဗီတာမင်ဒီ က ရောဂါပိုးတွေကိုတိုက်ထုတ်မယ့် ခန္ဓာကိုယ်ရဲ့စနစ်တွေကို အများကြီးအထောက်အကူပြုပါတယ်။

သကြားတွေ၊ အခြားအရသာတွေနဲ့ ပြုပြင်ထားတဲ့ ဒိန်ချဉ်တွေကိုရှောင်ပါ၊ မပြုပြင်ထားတဲ့ ဒိန်ချဉ်က ရောဂါပိုးတွေကိုပြန်လည်တိုက်ထုတ်မဲ့ ခုခံအားတပ်တွေကို အများကြီးပိုပြီးအားပေးပါတယ်။

၈ – သစ်ကြားသီး

ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာ ဗီတာမင်ဒီက ဗီတာမင်စီနောက်မှာရှိနေပါတယ်။

နို့ဆီခွက်တစ်ဝက်လောက်ရှိတဲ့ သစ်ကြားသီးစေ့ပမဏက တစ်နေ့လိုအပ်တဲ့ ဗီတာမင်ဒီအပြည့်အဝနီးပါးရှိတာကြောင့် ရံဖန်ရံခါမှာတော့ သစ်ကြားသီးကို စားသုံးပေးသင့်ပါတယ်။

၉ – နနွင်း

ဟင်းပွဲပေါင်းများစွာမှာ ပါဝင်နေတဲ့ ဒီအဝါရောင်အမုန့်လေးတွေကလည်း ဖျားနာယောင်ရမ်းခြင်းကို ကျစေတဲ့အာနိသင်ရှိကြောင်းတွေ့ရှိခဲ့တာကြာပါပြီ။

၁၀ – လက်ဖက်စိမ်း

လက်ဖက်စိမ်းရဲ့ကောင်းကျိုးကတော့ လူတိုင်းသိနေပြီးသားဖြစ်တဲ့အတွက် အထူးတလည်ရှင်းပြနေစရာမလိုတော့ပါဘူး။

T cell လို့ခေါ်တဲ့ ရောဂါပိုးတွေတိုက်ထုတ်တဲ့ ဆဲလ်တစ်မျိုးထုတ်လုပ်တဲ့နေရာမှာလိုအပ်တဲ့ အမိုင်နိုအက်စစ် (Amino acid) ကို လက်ဖက်စိမ်းထဲမှာလည်း ပေါပေါများများတွေ့နိုင်ပါတယ်။

၁၁ – သင်္ဘောသီး

တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်စီရဲ့ 224 ရာခိုင်နှုန်းက သင်္ဘောသီးတစ်လုံးထဲမှာတင် ပါဝင်နေပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်၊ ဗီတာမင်ဘီနဲ့ ဖော်လစ်အက်စစ်ဓာတ်တွေလည်းပေါများစွာပါဝင်ပါတယ်။

၁၂ – ကီဝီသီး

ကီဝီကလည်း သင်္ဘောသီးလို လိုအပ်တဲ့ဓာတ်ပေါင်းစုံပါဝင်တဲ့အပြင် တနေ့တာပုံမှန်လှုပ်ရှားနိုင်ဖို့အတွက် ခန္ဓာကိုယ်ကိုလည်း ထိန်းညှိပေးပါတယ်။

၁၃ – အသား

နေမကောင်းတဲ့အချိန်မှာ ကြက်စွပ်ပြုတ်လေးသောက်လိုက်ရရင် အားတွေရှိသွားမယ်ဆိုတဲ့ စကားနဲ့သိပ်စိမ်းကြမယ် မထင်ပါဘူး။ ဥစားလို့ရတဲ့ အသားတွေဖြစ်တဲ့ ကြက်၊ဘဲနဲ့ ကြက်ဆင်သားတွေက ဗီတာမင် B6 ကြွယ်ဝစွာပါဝင်ပါတယ်။

၁၄ – နေကြာစေ့

နေကြာစေ့တွေထဲမှာ မက်ဂနီဆီယမ်၊ ဖော့စ်ပရပ်နဲ့ ဗီတာမင်B6၊ ဗီတာမင် E တို့ပြည့်ပြည့်ဝပါဝင်ပါတယ်။

၁၅ – အခွံပါသောအကောင်များ

ကိုယ်ခံအားတက်စေတဲ့ အစားအစာစာရင်းထဲမှာ အခွံပါတဲ့အကောင်တွေပါမယ်လို့ထင်ထားမှာ မဟုတ်ပါဘူး ဒါပေမယ့်သူတို့တွေမှာ ဇင့်ဓာတ်တွေများစွာပါဝင်နေပါတယ်။

ဗီတာမင်ဓာတ်တွေလိုပဲ ဇင့်ဓာတ်ကလည်း ရောဂါပိုးတွေကိုတိုက်ထုတ်ဖို့အတွက် အရေးကြီးတဲ့နေရာကနေပါဝင်နေပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly