တရုတ်၌ ဆယ်ရက်နဲ့ အပြီးတည်ဆောက်တဲ့ ကိုရိုနာကု ကုတင် ၁၀၀၀ ဆံ့ ဆေးရုံမှာ လူနာတွေ စတင်လက်ခံ

တရုတ်၌ ဆယ်ရက်နဲ့ အပြီးတည်ဆောက်တဲ့ ကိုရိုနာကု ကုတင် ၁၀၀၀ ဆံ့ ဆေးရုံမှာ လူနာတွေ စတင်လက်ခံ

ဖေဖော်ဝါရီ ၄ ရက် ။                            ။ တရုတ်နိုင်ငံမှာ နေ့မအား ညမအား မနားတမ်း တည်ဆောက်ခဲ့တဲ့ ‌ကိုရိုနာကူးစက်သူတွေကို ကုသစောင့်ရှောက်မယ့် ကုတင် ၁၀၀၀ ဆံ့ ဆေးရုံဟာ သီတင်း နှစ်ပတ် အ တွင်း ပြီးစီးလို့  ဖေဖော်ဝါရီ ၄ ရက်မှာ လူနာတွေ စတင်လက်ခံနေပြီ ဖြစ်ပါတယ်။

။လူမှုမီဒီယာမှာ အုတ်အော်သောင်းနင်းဖြစ်စေတဲ့ ဒီ ဆေးရုံဆီ ဟူဘေးပြည်နယ်က ကိုရိုနာအဆိုးဝါးဆုံး ဖြစ်ပွား ရာ ဝူဟန်မြို့က လူနာတွေကို ပို့ဆောင်လာတာ ဖြစ်ပါတယ်။

စစ်တပ်က လည်ပတ်တဲ့ ဒီ ဆေးရုံဆီ လူနာ ၅၀ ဦး ရောက်ရှိလာတာကို နိုင်ငံပိုင် China Daily သတင်း ထုတ်လွှင့်ခဲ့ပါတယ်။
အကာအကွယ် ဝတ်စုံတွေနဲ့ အလုပ်သမားတွေဟာ ဘီးတပ်ကုလားထိုင်ပေါ် လူနာတွေကို တင်ဆောင်ရင်း ဆေးရုံထဲ ခေါ်ဆောင်သွားကြတာကို မြင်တွေ့ရပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အဖြစ် ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူဦးရေဟာ ၂၀၀၃ ခုနှစ်က ဖြစ်ပွားပေါ်ပေါက်တဲ့ SARS ရောဂါထက် သေဆုံးသူဦးရေ ပိုပြီး မြင့်မားလျက် ရှိနေပြီ ဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံအတွင်း သေဆုံးသူဦးရေ ၄၀၀ ကျော်ထက်မနည်း ရှိပြီး လူ နှစ်သောင်းနီးပါး ကူးစက်ခံထားရပြီ ဖြစ်ပါတယ်။

အခု Huoshenshan ဆေးရုံကို အချိန် ၁၀ ရက်အတွင်း အပြီးတည်ဆောက်ခဲ့တာ ဖြစ်ပြီး တရုတ်စစ်တပ်က ဆေးဘက်ဝန်ထမ်း ၁၄၀၀ နဲ့ ကြီးကြပ်ကွပ်ကဲသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required