ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်တွေကြောင့် ၂၀၂၀ စူပါလိဂ်ဘောလုံးရာသီကို တရုတ် ရွှေ့ဆိုင်းလိုက်ရ

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်တွေကြောင့် ၂၀၂၀ စူပါလိဂ်ဘောလုံးရာသီကို တရုတ် ရွှေ့ဆိုင်းလိုက်ရ
Photos: AFP

ဘေဂျင်း၊ ဖေဖော်ဝါရီ ၄

တရုတ်နိုင်ငံအတွင်း ပျံ့နှံ့နေတဲ့ သေစေနိုင်တဲ့ ဗိုင်းရပ်စ်ရဲ့ တုန့်ပြန်မှုကြောင့် တရုတ်စူပါလိဂ် (CSL) ဘောလုံးရာသီကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း တရုတ်ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။

၂၀၂၀ တရုတ်စူပါလိဂ်ဘောလုံးရာသီကို ဖေဖော်ဝါရီလ ၂၂ ရက်မှာ စတင်မှာ ဖြစ်ပေမယ့်လည်း "အဆုတ်ရောင်ရောဂါ ပျံ့နှံ့မှုကို ကာကွယ်ရန်နဲ့ ထိန်းချုပ်ရန်အတွက် "ဘောလုံးပွဲစဉ်အားလုံး"ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ တရုတ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ကြေညာချက်က ပြောပါတယ်။

တရုတ်နိုင်ငံ၊ နန်ကျင်းမြို့မှာ မတ်လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကမ္ဘာ့မိုးလုံလေလုံ ပြေးခုံပစ်ချန်ပီယံရှစ်ပြိုင်ပွဲကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြံပေးချက်အရ ၂၀၂၁ ခုနှစ်အထိ ရွှေ့လိုက်ပြီးနောက် နာရီအနည်းငယ်အကြာ အခုလို တရုတ်စူပါလိဂ်ဘောလုံးရာသီကိုပါ ရွှေ့ဆိုင်းဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ ဘောလုံးကို အရူးအမူးလူကြိုက်များလာသလို မကြာသေးတဲ့နှစ်တွေအတွင်း ငွေကြေးကြွယ်ဝတဲ့ ကလပ်တွေဟာ ဘရာဇီးလ်က ဟော့ခ်၊ အော်စကာနဲ့ အာဂျင်တီးနားရဲ့ တိဗက်ဇ်တို့လို တန်ဖိုးကြီး ပြည်ပကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ နောက်ဆုံးအတည်ပြုချက်အရ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ (၄၂၅)ဦးအထိ ရှိပြီး ကူးစက်ခံရသူပေါင်း ၂၀,၄၀၀)ဦးအထိ ရှိသွားပြီလို့ သိရပါတယ်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ဒီဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုကြောင့် နောက်ဆုံး တရုတ်စူပါလိဂ်ဘောလုံးရာသီကိုပါ ရွှေ့ဆိုင်းလိုက်ရတဲ့အဆင့်ထိ ဖြစ်လာတာပါ။

ဒီဗိုင်းရပ်စ်ဟာ ဗဟိုချက်ဖြစ်တဲ့ ဝူဟန်မြို့ကနေ နိုင်ငံပေါင်း (၂၀)ကျော်အထိ ကူးစက်ပျံ့နှံ့ခဲ့ပြီး အာရှ၊ ဥရောပ၊ မြောက်အမေရိကနဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ကူးစက်သူဦးရေ (၆၀)ခန့်ရှိပါတယ်။

၂၀၂၀ ဘေဂျင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲအတွက် ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးအစမ်းကျင်းပ ပြုလုပ်မယ့် ကမ္ဘာ့နှင်းလျှောစီးပြိုင်ပွဲဟာ ဗိုင်ရပ်စ်ပျံ့နှံ့မှုကြောင့် ဖျက်သိမ်းခံခဲ့ရတယ်လို့လည်း သိရှိရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly