ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသေဆုံး တရုတ်နိုင်ငံပြင်ပ ဒုတိယမြောက်သေဆုံးမှုဖြစ်လာ

ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသေဆုံး တရုတ်နိုင်ငံပြင်ပ ဒုတိယမြောက်သေဆုံးမှုဖြစ်လာ

ဖေဖော်ဝါရီ ၄ ။                ။ ဟောင်ကောင်တွင် ဖေဖော်ဝါရီ ၃ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦး ကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့ပြီး ဖိလစ်ပိုင်ပြီးလျှင် တရုတ်နိုင်ငံပြင်ပ ဒုတိယမြောက် သေဆုံးခြင်းဖြစ်သည်။

ဟောင်ကောင်တွင်နေထိုင်သည့် အသက် ၄၄ နှစ်အရွယ်ရှိ အဆိုပါအမျိုးသားသည် ပြီးခဲ့သည့်လက ဝူဟန်မြို့သို့သွားရောက်ခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်က မြန်နှုန်းမြင့်ရထားဖြင့် ပြန်လာခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ဟောင်ကောင်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅ ဦးရှိပြီး အများစုမှာ တရုတ်ပြည်မကြီးနှင့် ဆက်စပ်နေသည့်မြို့မှ ပြန်လာသူများဖြစ်ကြသည်။ဟောင်ကောင်အစိုးရ၏ ကိုရိုနာ ဗိုင်း ရပ်စ်ရောဂါကိုင်တွယ်မှုအပေါ် ပြည်သူများက မကျေမနပ်ဖြစ်လျက်ရှိကြပြီး နယ်စပ်ကို ပိတ်ထားရန် တောင်းဆိုနေကြသည်။

ကူးစက်ရောဂါကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ မလောက်မငှဖြစ်နေသည့်အတွက် ဆေးရုံဝန်ထမ်းများသည် ဖေဖော်ဝါရီ ၃ ရက်က ဒုတိယမြောက်နေ့အဖြစ် အစိုးရအား လမ်းမထွက် ဆန္ဒပြခဲ့ကြသည်။

တရုတ်တွင် ဖေဖော်ဝါရီ ၄ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၄၂၅ ဦးနှင့် ကူးစက်ခံရသူ ၂၀၄၀၀ ကျော်ရှိသွားပြီဖြစ်ကာ နိုင်ငံပေါင်း ၂၀ ကျော်ကို ကူးစက်ပျံ့နှံ့ပြီးဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required