ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်၌ သေဆုံးသူ ၄၂၅ ဦးအထိ မြင့်တက်ရောက်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်၌ သေဆုံးသူ ၄၂၅ ဦးအထိ မြင့်တက်ရောက်ရှိ
Photos: EPA & AFP

တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၄ ရက်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၄ ဦး ရှိကြောင်း ဟူဘေးပြည်နယ်အာဏပိုင်များက ထုတ်ပြန်ရာ နိုင်ငံအတွင်း ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ၄၂၅ ဦးအထိ ရှိသွားပြီ ဖြစ်သည်။

ဗိုင်းရပ်စ် အပြင်းထန်ဆုံး ကြုံတွေ့နေရာ ဟူဘေးပြည်နယ်ရှိ ကျန်းမာရေးကော်မရှင်က ထုတ်ပြန်သော နောက်ဆုံးစာရင်းတွင် ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်ခံရသူပေါင်းက ၃၂၃၅ ဦးရှိသည်ဟု ဖော်ပြသည်။

ထိုအတွက် ဗဟိုအစိုးရက ထုတ်ပြန်ထားသည့် ကူးစက်ခံရသူဦးရေတွင် ထပ်တိုးပေါင်းလျှင် ကူးစက်ခံရသူပေါင်း ၂၀၄၀၀ ဦးအထိ ရှိသွားပြီ ဖြစ်သည်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေ ကြေညာထားရသော ယင်းဗိုင်းရပ်စ်သည် ဒီဇင်ဘာလအတွင်းက စတင်ဖြစ်ပွားပြီး ဟူဘေးပြည်နယ်မြို့တော် ဝူဟန်ရှိ တောရိုင်းတိရစ္ဆာန်များ ရောင်းချရာ ဈေးတစ်ဈေးမှ စတင်ဖြစ်ပွားပုံရသည်။

လက်ရှိ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသော နိုင်ငံပေါင်း ၂၀ ကျော် ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြင်ပ၌ ပထမဆုံး လူသေဆုံးမှုအဖြစ် ဖိလစ်ပိုင်တွင် လူတစ်ဦး သေဆုံးသည်။

ဗိုင်းရပ်စ်ပြန့်ပွားမှုကို တိုက်ဖျက်နေချိန် ကျန်းမာရေးမျက်နှာစည်းများ၊ ကာကွယ်ရေးပိုးသတ်ဝတ်စုံများ အားချင်းလိုအပ်နေကြောင်း တရုတ်အစိုးရက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly