ကွမ်ကျိုးမှ ပြန်လာသည့် တရုတ်နိုင်ငံသားနှင့် မြန်မာနှစ်ဦးကို ဆေးရုံဆင်းခွင့်ပြု

ကွမ်ကျိုးမှ ပြန်လာသည့် တရုတ်နိုင်ငံသားနှင့် မြန်မာနှစ်ဦးကို ဆေးရုံဆင်းခွင့်ပြု

ဖေဖော်ဝါရီ ၃။               ။  ကိုရိုနာဗိုင်းရပ် သံသယဖြင့် ဝေဘာဂီအထူးကုဆေးရုံတွင် စစ်ဆေးစောင့်ကြည့်နေသည့် တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသားနှစ်ဦးတွင် ဗိုင်းရပ်စ်ပိုးမတွေ့ရှိသဖြင့် ဆေးရုံက ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး ကပြောသည်။

“ မနက်က ဝန်ကြီးဌာနကထုတ်ပြန်တဲ့ သတင်းအတိုင်းပါပဲ။ ဆင်းခွင့်ပြုလိုက်ပါပြီ။” ဟု ဒေါက်တာခင်ခင် ကြီး ကပြောသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ဇန်နဝါရီ (၃၁) ရက် တွင် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ ဖြင့် လိုက်ပါလာသည့် တရုတ်နိုင်ငံသား အမျိုး သားခရီးသည် (၁) ဦးတွင်ကိုရိုနာဗိုင်းရပ်စ် လက္ခဏာများစစ်ဆေးတွေ့ရှိရသဖြင့် ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင် စောင့်ကြည့်လူနာ အဖြစ် သတ်မှတ် ထားရှိ ခဲ့ကာစောင့်ကြည့်စစ်ဆေးခဲ့ပြီး ၎င်းနှင့်အတူ လိုက်ပါ လာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးတွင်လည်း ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင်ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျ စောင့်ကြည့်  ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ် အမျိုးသားထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ ရပြီး ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

အဆိုပါ တရုတ်အမျိုးသားနှင့်အတူ လေယာဉ်တစ်စီးတည်း အတူလိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် နှစ်ဦးသည်လည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ရောဂါကူးစက်မှု ရှိ၊ မရှိ စောင့်ကြပ် ကြည့်ရှုမှု (quarantine) ဆက်လက်စောင့်ကြည့်ရန် မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ ဝေဘာဂီဆေးရုံတွင် ပုဂ္ဂိလိကဆေးရုံတစ်ခုမှ သံသယလူနာ ၁၅နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသားတစ်ဦးကို စောင့်ကြည့်ကုသမှုများ ပြုလုပ်နေပြီး မင်းပြား၊ ကျိုင်းတုံနှင့် လွိုင်ကော်ဆေးရုံတို့တွင် တစ်ဦးစီ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် စောင့်ကြည့်ကုသမှုများပြုလုပ်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required