ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန်မှာ လူတွေကို ထိတ်လန့်အောင်လို့ အမေရိကန်တို့ ရည်ရွယ်လုပ်ဆောင်နေတယ်ဆိုပြီး တရုတ် စွပ်စွဲ

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန်မှာ လူတွေကို ထိတ်လန့်အောင်လို့ အမေရိကန်တို့ ရည်ရွယ်လုပ်ဆောင်နေတယ်ဆိုပြီး တရုတ် စွပ်စွဲ

ဖေဖော်ဝါရီ ၃ ။              ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေချိန်ကာလမှာ အမေရိကန်တို့အနေနဲ့ လူတွေကို အထိတ်တလန့် ဖြစ်အောင် ရည်ရွယ်လုပ်ဆောင်နေတယ်ဆိုပြီး တရုတ်က ဖေဖော်ဝါရီ ၃ ရက် မှာ ထုတ်ဖော်စွပ်စွဲလိုက်ပါတယ်။

အဆိုပါ ဗိုင်းရပ်စ် ဖြစ်ပွားမှုနဲ့ပတ်သက်လို့ အမေရိကန်တို့က ယခင်အပတ်ထဲမှာ အများပြည်သူ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သလို ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း တရုတ်ကို ခရီးသွားထားတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံထဲ ဝင်ခွင့်ပိတ်မယ်လို့ ကြေညာခဲ့ပြီးနောက် ယခုလို့ တရုတ်တို့ရဲ့ စွပ်စွဲချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသဖို့ တည်ဆောက်ခဲ့တဲ့ ဆေးရုံ ဖွင့်လှစ်တော့မည်

“ အမေရိကန်တို့အနေနဲ့ ဘာအကူအညီမှ မယ်မယ်ရရ မပေးခဲ့ပါဘူး၊ ဒါပေမယ့် လူတွေကို အထိတ်တလန့်ဖြစ်အောင်ပဲ လိုက်လုပ်နေခဲ့တယ်”  ဆိုပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာ ချောင်ယင်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားပါတယ်။ခုလို အမေရိကန်တို့ရဲ့ လုပ်ရပ်တွေက လူတွေကို အထိတ်တလန့်ဖြစ်စေပြီး အကြောက်တရားတွေပဲ ပြန့်ပွားစေခဲ့တယ်ဆိုပြီး ၎င်းက ပြော သွားပါတယ်။

တရုတ်တွင် ကူးစက်ရောဂါကာကွယ်ရေးပစ္စည်းများ အရေးတကြီးလိုအပ်နေ

တနည်းအားဖြင့် အမေရိကန်ဟာ တရုတ်ကို အကူအညီပေးရမယ့်အစား အကြောက်တရားတွေ ပေါ်လာအောင် ဖြန့်ဖြူးနေတယ်ဆိုပြီး ၎င်းက ပြောကြားသွားတာဖြစ်ပါတယ်။

တရုတ်မှာတော့ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆၀ ကျော် ရှိနေပြီး ကူးစက်ခံထားရသူ ၁၇,၀၀၀ ရှိနေပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆၀ ကျော်ရှိ၊ တရုတ်ပြည်မကြီးအတွင်း SARS ကြောင့်သေဆုံးခဲ့သည့်နှုန်းထက် ပိုများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required