တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသဖို့ တည်ဆောက်ခဲ့တဲ့ ဆေးရုံ ဖွင့်လှစ်တော့မည်

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသဖို့ တည်ဆောက်ခဲ့တဲ့ ဆေးရုံ ဖွင့်လှစ်တော့မည်

ဖေဖော်ဝါရီ ၃ ။            ။ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်နေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အချိန်တိုအတွင်း အမြန်တည်ဆောက်ခဲ့တဲ့ ဆေးရုံသစ်ကြီးတစ်ရုံကိုတော့ ယနေ့ ဖေဖော်ဝါရီ ၃ ရက်မှာပဲ ဖွင့်လှစ် တော့ မှာ ဖြစ်တယ်လို့ သိရပါတယ်။ဒါဟာ ဗိုင်းရပ်စ် အဓိက စတင်ဖြစ်ပွားပျံ့နှံ့ခဲ့တဲ့ နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ကူးစက်ခံလူနာတွေကို ကုသမှုပေးဖို့အတွက် ရည်ရွယ်ပြီး ယင်းဆေးရုံသစ်ကြီးကို အမြန်တည် ဆောက်ခဲ့တာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆၀ ကျော်ရှိ၊ တရုတ်ပြည်မကြီးအတွင်း SARS ကြောင့်သေဆုံးခဲ့သည့်နှုန်းထက် ပိုများ

အချိန် ၁၀ ရက်အတွင်း အပြီးတည်ဆောက်ခဲ့တဲ့ အဆိုပါ Huoshenshan ဆေးရုံကတော့ ကုတင် ၁,၀၀၀ ဆံ့ ဆေးရုံ ဖြစ်ပြီး တရုတ်စစ်တပ်က ဆေးဘက်ဝန်ထမ်း ၁,၄၀၀ တို့က ယင်းဆေးရုံကို ကြီးကြပ်ကွပ်ကဲသွားမယ်လို့ သိရပါတယ်။

အဆိုပါ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအနက် တစ်ချို့ကတော့ ယခင် SARS ရောဂါလိုမျိုး ကူးစက်ရောဂါတွေကို တိုက်ဖျက်ခဲ့တုန်းက ပါဝင်ထားခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ အာဏာပိုင်တွေ ကြိုးပမ်းလျက် ရှိပြီး ယခု နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆၀ ကျော် ရှိသွားပြီလို့ သိရပါတယ်။

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာနဲ့အတူ ဖေဖော်ဝါရီ ၃ ရက်မှာ တရုတ်ပြည်မကြီးရဲ့ စတော့စျေးကွက်တွေမှာလည်း ကျဆင်းမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required