(၁၅)နှစ်အတွင်း လိဂ်ပွဲ (၉)ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ဂျူဗီကစားသမားဖြစ်လာတဲ့ ရော်နယ်လ်ဒို

(၁၅)နှစ်အတွင်း လိဂ်ပွဲ (၉)ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ဂျူဗီကစားသမားဖြစ်လာတဲ့ ရော်နယ်လ်ဒို
Photos: EPA

ဂျူဗင်တပ်စ်အသင်းက ဖီအိုရင်တီးနားကို (၃-၀)ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အသင်းအတွက် ပင်နယ်တီကတဆင့် (၂)ဂိုး သွင်းယူပေးခဲ့ပြီးနောက် သူ့ရဲ့ နောက်ဆုံး (၆)ပွဲမှာ (၁၀)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ အခုဆိုရင် ဂျူဗင်တပ်စ်အတွက် စီးရီးအေ (၉)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလတွင်းက ထရာဇီဂေး (၉)ပွဲဆက်တိုက် ဂိုးသွင်းယူခဲ့တဲ့နောက်ပိုင်း အသင်းအတွက် စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။

သူ့ရဲ့ ဒီရာသီစီးရီးအေသွင်းဂိုးကလည်း (၁၉)ဂိုးအထိ ရှိလာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ပွဲ (၇၀)သာ ကစားထားပေမယ့် သွင်းဂိုးကတော့ ဂိုး (၅၀) ပြည့်မြောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။

အသက် (၃၄)နှစ်အရွယ် တိုက်စစ်မှူးကြီးဟာ ၂၀၂၀ အတွင်း အသင်းအတွက် ပါဝင်ကစားပေးခဲ့သမျှ ပွဲတိုင်းကို ဂိုးသွင်းထားနိုင်ခဲ့ပြီး ဂိုးသွင်းခြေစွမ်းကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အနေနဲ့ ဖီအိုရင်တီးနားနဲ့ပွဲမှာ စီးရီးအေနိုင်ပွဲ (၁၆၀၀)ပြည့်မြောက်ဖြစ်ပါတယ်။

အိုးလေဒီတို့ဟာ လက်ရှိ အမှတ်ပေးဇယား ဒုတိယနေရာက အင်တာမီလန်အသင်းကို (၆)မှတ်ဖြတ်ပြီး (၂၂)ပွဲကနေ ရမှတ် (၅၄)မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly