မော်ဒယ်လုပ်ရင် ပိုက်ဆံရတယ်ဆိုတာပဲ သိတယ်ဆိုတဲ့ မော်ဒယ် နန်းခေမား ဘယ်လို အောင်မြင်လာသလဲ

မော်ဒယ်လုပ်ရင် ပိုက်ဆံရတယ်ဆိုတာပဲ သိတယ်ဆိုတဲ့ မော်ဒယ် နန်းခေမား ဘယ်လို အောင်မြင်လာသလဲ

ဒီတစ်ပါတ် Meet The Successful အစီအစဉ်မှာ ကျွန်တော်တွေ့ဆုံ မေးမြန်းသွားမည့်သူကတော့ မေမြို့ကနေ ရန်ကုန်ကိုရောက်ရှိလာပြီး မော်ဒယ်လောကကို ဝင်ရောက်ခဲ့ရာက ပရိသတ် အားပေးမှုု ရရှိလာခဲ့တဲ့ မော်ဒယ် နန်းခေမားဖြစ်ပါတယ်။ အောင်မြင်မှုကို ရရှိဖို့ သူမရဲ့ဘ၀ ဘယ်လို ဖြတ်သန်းခဲ့ ရတယ်ဆိုတာ သိရှိနိုင်စေဖို့ ဒီတစ်ပါတ်မှာလည်း အောင်မြင်သူနဲ့အတူ တွေ့ဆုံစကား ပြောကြည့်ပါမယ်။

 

နန်းခင်မာက ရန်ကုန်ဇာတိပဲလား၊ ဒါမှမဟုတ် ဘယ်ဒေသမှာ မွေးခဲ့တာလဲ။

ကျွန်မ ကျိုင်းတုံမြို့ အရှေ့ပိုင်း အဲဒီမှာမွေးတယ်။ ပြီးတော့ ဒီရန်ကုန်စရောက်တာက ကျောင်းပြီးတော့မှ ဒီကိုစရောက်ခဲ့တယ်ပေ့ါ။

 

ကျောင်းပြီးတော့ ဒီရန်ကုန်ရောက်တော့ကော အနုပညာလုပ်ဖို့ဆိုပြီးတော့ ရည်ရွယ်ပြီးတော့ သက်သက်ရောက်ခဲ့တာလား။ ပထမဦးဆုံးရည်ရွယ်ချက်က ရန်ကုန်ကို ဘာကြောင့် လာခဲ့တာလဲ။

ဟုတ်ကဲ့ သင်တန်းတွေတက်ဖို့ပေ့ါနော်။ ကျောင်းပြီးသွားရင် ကျွန်မနိုင်ငံခြားသွားဖို့ပေ့ါ။ ဒါပေမဲ့ ကျွန်မ ဒီကိုရောက်လာတော့ သင်တန်းတွေဘာတွေတက်တယ်။ တက်ပြီးတော့ သူငယ်ချင်းတစ် ယောက်က ကျွန်မကို ပြောတယ် ။ ပြိုင်ပွဲရှိတယ်တဲ့။ အဲဒါဆိုတော့ ပြိုင်မှာလားပေ့ါနော်။ ကိုယ်ကလည်း နည်းနည်းပိုးဝင်နေတာပေ့ါ။ ကျွန်မ ဘုရားကျောင်းတို့ဘာတို့ဆိုရင် အဲသလိုမျိုး သီချင်းဆိုတာ ကတာ၊ ရှိုးနည်းနည်းပါးပါးလျှောက်တာပေ့ါနော်။ အဲဒီတုန်းက အပျော်ပေ့ါ။ အဲသလိုရှိခဲ့တယ်ဆိုတော့ လုပ်ကြည့်မယ်ပေ့ါနော်။ ဒီလောကမှာလဲ အနုပညာအမျိုးဆိုတာ မရှိဘူး ပေ့ါနော်။ အစိမ်းသက်သက်၊ အဲဒါဆိုတော့ ကိုယ်လည်းအဖော်ရှိတယ်ဆိုတော့ ဝင်ပြိုင်ခဲ့တယ်ပေ့ါနော်။

 

လာတုန်းက ရည်ရွယ်ချက်က တစ်မျိုးပေ့ါနော်။ ဆိုတော့ အခွင့်အရေးပေးတဲ့အချိန်မှာ ဝင်ပြိုင်ဖြစ်တယ် ဆိုတော့ miss christmas ကို ပြိုင်ခဲ့ရတဲ့အချိန်မှာကော မှတ်မှတ်ရရအမှတ်တရလေးတွေ ရှိခဲ့လား။ နောက်ပြီးတော့ အဲဒီတုန်းကကော ဘယ်လိုဆုတွေ ရခဲ့သေးလဲ။

ဟုတ်ကဲ့ အဲဒီတုန်းက ခက်ခက်ခဲခဲရှိတယ်။ ရှိတယ်ဆိုတာကလည်း ကျွန်မ နယ်မှာကျတော့ မိတ်ကပ် အကြောင်းလည်းမသိဘူး။ ဝတ်စားဆင်ယင်ဖို့ဆိုတာလည်း ကိုယ်က ဒီအတိုင်းပဲဝတ်တယ်။ faction ဘောင်ထဲကို တိတိကျကျမသိဘူး။ ကိုယ်ဝတ်တတ်တယ် အဲလောက်ပဲသိထားတာပေ့ါနော်။ ဒါပေမဲ့ ဘယ်လိုလဲဆိုတော့ ကျွန်မလာတုန်းကဆိုရင် တီရှပ်နဲ့ ဂျင်းဘောင်းဘီနဲ့ အဲဒီတုန်းက မန္တလေးသွား ပြီးတာ့ မနက်ပိုင်းမှာ လူတွေ့ပွဲ အဲမှာ လူစစ်ဆေးမှာပေါ့နော်။ အဲအချိန်ကျတော့ မသွားရင်ကောင်းမယ် ထင်တယ်။ ကိုယ်ကလည်း မသိဘူး၊ ပြီးတော့ နည်းနည်းကြောက်တာပါတယ်။ ပြီးတော့ ဘာမှ ပြင်ဆင်မှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မန္တလေးကနေရောက်ရာက်ချင်း ကားနဲ့ပင်ပန်းနေတယ်။ အဲဒီဆိုတော့ ကျွန်မဒီအတိုင်းပဲ တီရှက်နဲ့ သူတို့က လာခဲ့တဲ့ ဘာဖြစ်လို့လဲဆိုတော့ လူရွေးပွဲရှိတယ်တဲ့။ ရလားမရလား ဘာပဲပြောပြော သူငယ်ချင်းတွေလဲ ပါတယ်ဆိုတော့ အဲဒီတော့ ညီမချက်ချင်း အိတ်တစ်လုံးနဲ့ပေ့ါနော်။ တီးရှပ်နဲ့ မျက်နှာကလည်း အပြောင် ဆံပင်ကလည်း ဦးထုတ်နဲ့ ဆောင်းထားသေးတယ်။

 ပြီးတော့ ကျွန်မရောက်သွားကော။ အကုန်လုံးဝင်လိုက်တဲ့အချိန်မှာ အကုန်လုံးက လှလှပပ လုံး၀ full မိတ်ကပ်၊ ဒေါက်အမြင့်ပေ့ါနော်။ အဲဒီတုန်းက ကျွန်မ ဖိနပ်အပါး လေး စီးသွားတာ။ ကိုယ့်ကိုကိုယ်လုံး၀ အရမ်းအားငယ်သွားတယ်။ ငါလုံးဝမဖြစ်နိုင်ဘူးပေ့ါနော်။ ဒီဟာကို မပြိုင်တော့ဘူး။ သူငယ်ချင်းကိုပြောတော့ သူလည်းမပြိုင်တော့ဘူး။ ဘာစဉ်းစားလဲဆိုတော့ မဟုတ်သေးဘူး ပြိုင်ကြည့်လိုက်မယ်။ တကယ်လို့ ဒီအယောက် ၃၀ ထဲမှာ ဝင်သွားရင် ကိုယ့်ရဲ့ ချန့်စ်ပေ့ါ နော်။ ကျွန်မကံကောင်းသွားတယ်။ တီချယ်တို့ ဆရာ၊ ဆရာမတို့ သဘောကျသွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မအရပ်မြင့်တယ်၊ ပြီးတော့ Body structure က လုံး၀ မော်ဒယ်ဆိုဒ်ဖြစ်တယ်။ ဆိုတော့ သဘောကျတယ်ပေ့ါနော်။ အယောက် ၃၀ ထဲမှာ ကျွန်မကံကောင်းစွာ ကျွန်မဝင်သွားခဲ့တယ်ပေ့ါနော်။ အဲဒီကနေဆစ်ဆင့် သူတို့က အယောက် ၂၀ ပြီးတော့ ၁၂ ယောက် တစ်ခေါက်ပြီးတစ်ခေါက် အဲလို ပြုတ်ပြုတ်သွားရင်းနဲ့ ကျွန်မက အဲမှာ ပထမရခဲ့တယ်ပေ့ါနော်။

 

၂၀၀၆ ခုနှစ်မှာ ရရှိလိုက်တဲ့ Miss christmas ဆုဟာ သူမအတွက်တော့ မော်ဒယ်လောကကို စတင်ဝင်ရောက်ဖို့အတွက် အားအင်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာ သူမနဲ့ အကြွမ်း တဝင်မရှိခဲ့တဲ့ လုပ်ငန်းတစ်ခုဖြစ်တာကြောင့် အခက်အခဲတွေလည်း ရှိခဲ့တယ်လို့ပြောပြပါတယ်။

ဆိုတော့ဒါကျွန်တော်တို့ လူတော်တော်များများ ပြောကြတာပေ့ါနော်။ ဒီမော်ဒယ်ဆိုတာလဲ အနုပညာ လမ်းကြောင်းပဲပေ့ါ။ အနုပညာလောကမှာက ကြမ်းတယ်ပေ့ါ၊ မအောင်မြင်ခင်အချိန်မှာတော့ အရမ်းကြမ်းတမ်းတယ်လို့ ပြောကြတာပေ့ါနော်။ အဲဒီအပေါ်မှာကော နန်ခေမာအနေနဲ့ဘာပြောချင်လဲ။ ကိုယ့်ဘဝမှာကော ဘယ်လိုမျိုးခက်ခက်ခဲခဲတွေပေ့ါနော် ရုန်းကန်ကြိုးစားခဲ့ရလဲ။

ဟုတ်ကဲ့ ခက်ခဲတယ်ပေ့ါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုမသိဘမသိနဲ့ပေ့ါ။ အဲဒီလိုမျိုးရောက်လာ တယ်ဆိုတော့ ခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေတာထိုင်တာကော၊ ဝတ်တာစားတာကော၊ ပြီးတော့ လူတွေနဲ့ဘယ်လို ပေါင်းရမလဲပေ့ါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောကမှာဆိုရင် ကိုယ်တစ် ယောက်တည်း သွားလို့မရဘူး။ ကိုယ်က လူတွေကို ပေါင်းသင်းဆက်ဆံတတ်ဖို့ လိုတယ်။ အရင်တုန်း က ဆိုရင် ပွဲသွားပြီးဆိုရင် ကျွန်မမျက်နှာသစ် ဘယ်သူ့မှလည်းကိုယ့်ကိုမသိဘူး။ တစ်ချို့တွေကျတော့ မိတ်ကပ်မပြင်ပေးချင်ဘူး။ အဲလိုဖြစ်ခဲ့တယ်ပေ့ါနော်။ ပြီးတော့ ကိုယ့်ရှေ့မှာ ကိုယ့်အကြောင်းပြောနေ ရင် ဥပက္ခာပြုလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ပြိုင်ပြီးပြောနေရင် အဲဒီဟာက ကိုယ့်ဆီပဲ ရောက်လာမှာဆိုတော့ ညီမသည်းခံတယ်၊ ဘာမှမပြောဘူး။ ကျွန်မသိပေမယ့်  ဥပက္ခာပြုလိုက်တာပေ့ါ နော်။ ဒါပေမဲ့ ဇွဲတော့ မလျှော့ခဲ့ဘူးပေ့ါ။ ကိုယ်ဒီလမ်းကို ဝင်ပြီးမှ နောက်ပြန်ဆုဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ အဲဒါကြောင့်မို့လို့ ကျွန်မကြိုးစားခဲ့တယ်။

 

ဒါဆိုအပြိုင်အဆိုင်လဲ အများကြီးရှိခဲ့တယ်လို့ ကျွန်တော်တို့ယူဆတယ်။ ဆိုတော့ ကျွန်တော်တို့ အနုပညာလုပ်တဲ့အခါမှာ မော်ဒယ်လုပ်ငန်းဆိုတာ ပရိသတ်တွေလည်းတစ်ချို့သိမှာပေ့ါ။ ကိုယ်က အကုန်အကျပိုတောင်များသေးတယ်။ အိတ်စိုက်လို့ပြောတာပေ့ါ။ ဆိုတဲ့အခါကျတော့ ကိုယ်ဖြစ်ချင်တဲ့ ဝါဿနာက တစ်ဖက်မှာ ဝါဿနာ ဒီဝါဿနာကို အကောင်အထည်ဖော်နေတဲ့ အချိန်မှာ ကိုယ့်ရဲ့ဘဝမှာ ရုန်းကန်ဖို့အတွက်ကျတော့ မနန်းခင်မာအနေနဲ့ ဘယ်လိုမျိုးတွေ ကျော်ဖြတ်ခဲ့ရသလဲ။

အဲဒီတော့ ကိုယ်က ဒီမော်ဒယ်ကို အစကမသိဘူးပေ့ါနော်။ မော်ဒယ်လုပ်ရင် ပိုက်ဆံရတယ်ဆိုတာပဲ သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မသိတာက နိုင်ငံခြားမှာဆိုရင် မော်ဒယ်လုပ်ရင် အရမ်းပိုက်ဆံ ရတယ်။ မင်းသမီးဆိုရင် အရမ်းပိုက်ဆံရတယ်။ အဲဒါဆိုတော့ ကိုယ်ဒီအထဲရောက်လာတယ်ဆိုတော့ မဖွံ့ဖြိုးတာလဲရှိတယ်။ ပြီးတော့ မော်ဒယ်ဆိုတာ အရမ်းမကျယ်ပြန့်ဘူး။ ဒီမြန်မာနိုင်ငံက အဲလိုဆိုတော့ ကိုယ်က အိတ်စိုက်နေရတယ်။ အိတ်စိုက်ရတော့ ဒီစစရောက်တုန်းက ညီမ ခိုးလုပ်ခဲ့ရတယ်ပေ့ါနော်။ အိမ်ကလည်းမသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ကျူရှင်တက်ဖို့၊ အမေက ပိုက်ဆံပေးတယ်။ လိမ်သလိုဖြစ်နေတာပေ့ါနော်။ အမှန်တကယ်က မော်ဒယ်လုပ်ရင် အဝတ်အစားကောင်းကောင်းလို တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေနဲ့ ဆက်ဆံဖို့ အဲလိုမျိုးရှိတယ်။ ပြီးရင်လဲ ရှိုးလျှောက်ဖို့ ထောက်ဖိနပ်လိုတယ်။ ထောက်ဖိနပ်ဝယ်ဖို့ ရှိတယ်။ အဲလိုဆိုတေ့ာ ကျွန်မ ဝင်ငွေကမရှိဘူး။ မရှိတော့ အမေကို ကျူရှင်လခပေးရမယ် အဲလိုမျိုးပေ့ါနော်။ ညာပြီးတောင်းတာပေ့ါနော်။

နောက်ပိုင်းကျတော့ ကိုယ်ကသိလာတယ်။ ဒီအလုပ်က ဒီတစ်ခုထဲနဲ့ သွားလို့မရဘူး။ အဲဒီတော့ ညီမ ကံကောင်းတာ တစ်ခုက အယ်ပိုင်းလ်အိမ်ဂျယ်ပေ့ါနော်။ အဲဒီမှာ အလုပ်ခေါ်နေတယ်။ လုပ်မလားပေ့ါနော်။ အဲဒီမှာ ကျွန်မ ဝင်လျှောက်လိုက်တယ်။ ကျွန်မသူငယ်ချင်းတစ်ယောက်က ဝင်လျှောက်လိုက်တယ်။ အဲဒီမှာ အလုပ်ရသွားတယ်ပေ့ါနော်။ အဲဒါကြောင့် အလုပ်တစ်ဖက်နဲ့ ကျွန်မဒီမော်ဒယ်ကို ပတ်ထိုင်းလ် အနေနဲ့ ကျွန်မလုပ်လိုက်တယ်။ အဲဒီမတိုင်ခင်မှာ ဘယ်လိုလုပ်ဖြစ်လဲဆိုတော့ အဲဒီမှာလဲ သူတို့က အနုပညာသမားဖြစ်ရင်လဲရတယ်။ ဘာမှမဖြစ်ဘူး။ သူတို့ ပတ်တိုင်းလ်အနေနဲ့ သူတို့အဲလိုမျိုး ပေးလုပ်မယ်ပေ့ါနော်။ အဲဒါကြောင့် ကျွန်မလည်းအဆင်ပြေသွားတယ်။ သူတို့အလုပ်လုပ်ရင်းနဲ့ ဒီ မော်ဒယ်မှာလည်း ပတ်တိုင်းလ် လုပ်ခဲ့တယ်ပေ့ါနော်။

 

ကျွန်တော်တို့ တစ်ခါတစ်လေမှာ တစ်ဖက်ကလည်း ရုံးလုပ်ငန်းလုပ်နေတဲ့ အချိန်မှာ အခက်အခဲဆို တာရှိတာပေါ့။ ကိုယ်ကခွင့်ယူချင်တဲ့အချိန်မှာ၊ ခွင့်ယူလို့မရတော့တဲ့အချိန် ဒါမှမဟုတ်လည်း တစ်ချို့ လူတွေက ကိုယ့်ကိုမြင်တာပေ့ါ ပြောတာတို့ဘာတို့ အဲဒီလိုမျိုးအခက်အခဲတွေကော လုပ်ငန်းခွင်ထဲမှာ ရှိခဲ့သေးလား။

ဟုတ်၊ ရှိခဲ့တယ်။ ရှိခဲ့တယ်ဆိုတာကလေ တိုက်ရိုက်ကိုသူတို့မပြော နောက်ကွယ်ကနေကြားရတာ ပေ့ါ။ အဲဒါကြတော့ လစာရတာချင်းအတူတူပေ့ါနော်။ ကျွန်မကြတော့ ဒီဟာလုပ်တယ်။ ပြီးရင် ထွက်တယ်။ အဲဒီတော့ သူတို့က ရုံးမှာပဲနေရတယ်။ အဲသလိုမျိုးပေ့ါ။ အဲဒါကြတော့ တစ်ချက် စဉ်းစား ရတာပေ့ါနော်။ ဒီအလုပ်ဆက်လုပ်ရင်လဲ စစပိုင်းတုန်းကတော့ ကိုယ်ကလည်း အလုပ်မရှိရင်လဲ ဝင်ငွေ က မရှိဘူး။ မော်ဒယ်ကြတော့လည်း နေ့တိုင်းရှိတဲ့အလုပ်မဟုတ်ဘူး။ အဲဒါကြတော့ ချင့်ချိန်ပြီးတော့ ကျွန်မလုပ်ခဲ့တယ်ပေ့ါနော်။ အဓိကက ဆရာကို ပြောပြီးတော့ ဆရာနဲ့ ညှိလိုက်တာပေ့ါနော်။ ဒီမော်ဒယ်လင်းမှာလည်း ကျွန်မဝါဿနာပါတယ်။ ကျွန်မအားတဲ့အချိန်မှာ Full time တော့ အလုပ်လုပ် ရတာ မရှိဘူးပေ့ါနော်။ အဲဒါကြတော့ နည်းနည်းကံကောင်းသွားတယ်။ အားတဲ့အချိန်မှာ ကျွန်မက ဒီမော်ဒယ်လင်းမှာ လက်ခံလိုက်တယ်ပေါ့။

ကိုယ်ဝါဿနာပါတဲ့ အနုပညာလုပ်ငန်းကို လုပ်နိုင်ဖို့အတွက် တစ်ဖက်မှာလည်း ဝန်ထမ်းဘဝနဲ့ ကြိုးစားရင်းကနေ နေရာတစ်ခုကို ရရှိလာခဲ့သူလည်း ဖြစ်ပါတယ်။ ဘဝမှာ အောင်မြင်မှုကို ရရှိဖို့ ကြိုးစားနေတဲ့အချိန်မှာ စိတ်ညစ်ရတဲ့အချိန်တွေလည်း ရှိခဲ့တယ်လို့ပြောပြခဲ့ပါတယ်။

မနန်းခေမာအနေနဲ့ ဘဝမှာအများကြီးကြိုးစားခဲ့တယ်ဆိုတော့၊ အဲဒီကြိုးစားခဲ့တဲ့ အချိန်တုန်းကကော အခက်အခဲကြုံပြီးတော့ စိတ်ဓာတ်ကျသွားလောက်တဲ့ အဖြစ်အပျက်တွေကို ကော ရှိခဲ့ဘူးလား။

ဟုတ်ကဲ့ စိတ်ဓာတ်ကျတာတော့ ဘယ်သူမဆိုတော့ ရှိတတ်ကြတာပေ့ါနော်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဒီမှာ ရန်ကုန်မှာ ကိုယ့်နယ်လည်း မဟုတ်ဘူး၊ ကိုယ့်မြို့လည်း မဟုတ်ဘူး။ ပြီးတော့ သွားလာတာက ခက်ခဲတယ်။ အရင်တုန်းကဆိုရင် ကားလည်းမရှိဘူး။ စစရောက်တုန်းကဆိုရင် ကျွန်မ အဆောင်မှာပဲနေခဲ့တယ်။ အဆောင်မှာဆိုတာကလည်း ကျွန်မညီမတစ်ယောက်ပါသေးတာပေ့ါနော်။ ကျွန်မညီအစ်မသုံးယောက်ရှိတယ်။ သူကလည်း ဒီမှာ ကျောင်းတက်တယ်ဆိုတော့ အဲဒါကြတော့ ကျွန်မတို့ နှစ်ယောက်က အဆောင်မှာနေပြီးတော့ ကြိုးစားခဲ့ရတယ်ပေ့ါနော်။

စိတ်ဓာတ်ကျတယ်ဆို တာ ဘေးနားမှာ မိဘလည်းမရှိဘူး ကိုယ့်အားပေးဖော်ဆိုတာ ကျွန်မတို့ နှစ်ယောက်ပဲရှိတယ်။ စစလုပ် တုန်းကဆိုရင် အိမ်ကမသိတော့ အိမ်ကိုလည်း ဖွင့်ပြောလို့မရဘူး။ ပွဲတွေသွားတယ်ဆိုရင် အားကျတယ်ပေါ့နော်။ သူများမိဘတွေက သူတို့ကို Support အရမ်းပေးတယ်ပေ့ါနော်။ အဲဒါကြတော့ ကိုယ်လိုချင်တာက ကိုယ်ရဲ့ နွေးထွေးမှု ကိုယ့်ရဲ့ အားပေးမှုပေ့ါနော်။ တစ်ခါတစ်လေ အဲဒါမျိုး စိတ်ဓာတ်ကျတဲ့အချိန်ဆိုရင် အိမ်ကို အရမ်းသတိရတယ်။ အဲဒါကြတော့ ကျွန်မတို့ နှစ်ယောက်ပဲ Sharing လုပ်တယ်ပေ့ါနော်။ စိတ်ဓာတ်မကျနဲ့ သူကလည်း ကျွန်မနဲ့ တစ်နှစ်ပဲကွာတာဆိုတော့ သူငယ်ချင်းလိုပဲပေါင်းတယ်။ သူနဲ့အမြဲတမ်း တိုင်ပင်နေရတယ်။ အဲဒါကြတော့ ကျွန်မနည်းနည်း စိတ်သက်သာရာရတယ်ပေ့ါ။

 

အခက်အခဲတွေ ကြုံတဲ့အခါမှာပေ့ါနော်။ မနန်းခင်မာအနေနဲ့ ဘယ်လိုမျိုးစိတ်ကို အားမွေးပြီးတေ့ာ ရှေ့ဆက်လဲ ကိုယ်လုပ်ချင်တာတွေ လုပ်ရဖို့အတွက်ကို။

ကိုယ့်ကိုကိုယ်ပြန်ပြီးတော့ အားပေးတာပေ့ါနော်။ ဘာဖြစ်လို့လဲဆိုတော့ အစတုန်းက အခုနက အစ်ကို့ကိုပြောသလိုပဲ ကျွန်မစီးပွားရေးလုပ်ဖို့ ၊ ပြီးတော့ နိုင်ငံခြားထွက်ဖို့ ဒီမှာကျူရှင်လာတက်တယ်။ အဲဒီဟာကိုမလုပ်ဖြစ်တော့ ဒီအနုပညာမှာ ကိုယ်က ရွေးချယ်ခဲ့တဲ့လမ်း  ဒီလမ်းကို ကိုယ့်က အကြိမ်ကြိမ်အခါခါ ပြန်စဉ်းစားတယ်ပေ့ါနော်။ ဘယ်လိုပြန်စဉ်းစားလဲဆိုတော့ ဒီအလုပ်ကို လုပ်နိုင်ပါ့ မလား။ လုပ်ရင်ကော ကိုယ့်ရလဒ်က ဘာရလာမလဲ။ တကယ်လို့ ကိုယ်ကမလုပ်ဘူးဆိုရင် ကိုယ်ဘာလုပ်မလဲ။ အိုကေ အဲဒီဆို ကျွန်မရွေးတဲ့လမ်းက ကိုယ်ဒီလမ်းလုပ်မယ်။ ဒီဟာလုပ်မယ်။ ဒီအနုပညာကို လျှောက်မယ်ဆိုရင် ဘာလိုအပ်မလဲပေါ့နော်။ စိတ်ဓာတ်ကျရင် ကိုယ့်ကို တွန်းအားပေး တာ ကျွန်မ စာအုပ်ကို ဖတ်တယ်။ ပြီးရင် စီနီယာတွေ သူတို့ မဂ္ဂဇင်းတွေဆိုရင် ကျွန်မကြည့်တယ်။ အဓိကက ကျွန်မစာအုပ်ဖတ်တဲ့ ရလဒ်ပေ့ါနော်။

စာအုပ်ဖတ်တဲ့ရလဒ်က ကိုယ့်အတွက် အကျိုးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မသိတဲ့ဟာတွေကော သိတဲ့ဟာတွေကော ကိုယ့်ကိုတွန်းအားပေးတယ်။ စိတ်ခွန်အားကို ရစေတယ်ပေ့ါနော်။ တစ်ခါတစ်လေစိတ်ဓာတ်ကျနေတဲ့အချိန်မှာ အခုနပြောသလိုပဲ ညီမလေးနဲ့တိုင်ပင်တယ်။ သူက အမလိုလဲဟုတ်တယ်။ ညီမလိုလဲဟုတ်တယ်။ သူငယ်ချင်းလိုလဲ ဟုတ်တယ် သူက။ အရမ်းသိတတ်တယ်ပေ့ါနော်။

 

ဟုတ်ကဲ့ပါ ဘဝမှာအဲလိုမျိုး အခုနက ဆုတွေရခဲ့သလိုပေ့ါနော်။ ကြိုးစားရင်းနဲ့လည်း လဲပြိုပြီးတော့ ရှုံးခဲ့တဲ့ ပွဲတွေကော ရှိခဲ့လား။

လူတွေအများကြီးထဲမှာ ကိုယ့်ဒီဇိုင်နာဆိုရင်လဲ အင်္ကျီဆိုတာလည်း ကိုယ့်ဟာကို ချုပ်ရတယ်။ ကိုယ့်ဘာသာကို ဝတ်ရတယ်။ ကိုယ့်ကိုကိုယ်ချုပ်ရတယ်ဆိုတော့ ဒီဇိုင်နာက ဘယ်သူမှမသိဘူး။ ဘယ်လိုချုပ်ရမလဲဆိုတာလဲ ကိုယ့်မှာ Idea မရှိဘူး။ အဲဒါတော့ တော်တော်လေးခက်ခဲတယ်။ ဒါပေမဲ့ ကျွန်မဖြစ်အောင်တော့ ကြိုးစားခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ ဆုမရခဲ့ဘူးပေ့ါ။ ဆုမရပေမဲ့ ကျွန်မစိတ်ဓာတ်တော့ မကျခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခေါက်မရ ဘူးဆိုရင် နောက်တစ်ခေါက်ရှိမယ်ဆိုတဲ့ ယုံကြည်မှု ကိုယ့်ကိုကိုယ်ရှိတယ်။

 

ကျွန်တော်တို့ လောကဓံကို ရင်ဆိုင်တဲ့အခါမှာ ဒီ လူငယ်တွေထဲမှာလည်း ရှိပါတယ်။ ဘဝမှာ ကြိုးစားနေရင်းနဲ့ ကျရှုံးတဲ့လူပဲ ဖြစ်ဖြစ်ပေါ့နော်။ စိတ်ဓာတ်ကျပြီး အားငယ်တယ်လို့ပဲဖြစ်ဖြစ် အဲဒီလို လူမျိုးတွေအတွက်ကော မနန်းခင်မာအနေနဲ့ ဘယ်လိုမျိုး အားပေး စကားပြောချင်လဲ။

လူငယ်မှ မဟုတ်ဘူး။ တော်တော်များများ အဲလိုမျိုးရှိတယ်ပေ့ါနော်။ ကျွန်မပြောချင်တာက  ကိုယ်စိတ် ဓာတ်မကျဖို့ပေ့ါနော်။ ကိုယ့်ယုံကြည်မှုရှိဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဒီအလုပ်လုပ် တယ်။ ကိုယ်မအောင်မြင်ဘူး။ နောက်တစ်ခေါက်လုပ်ရင်လဲ မအောင်မြင်ဘူးဆိုတာတော့ မဟုတ်ဘူး။ ကိုယ်ဒီတစ်ခေါက် လုပ်လို့မရရင် ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခေါက်မရဘူး။ ဒီတစ်ခေါက်က အမှားအမှန်ဆိုတာ ကိုယ်သိသွားပြီး၊ နောက်တစ်ခေါက်လုပ်ရမယ့်ဟာက ကိုယ်ပိုလုပ်နိုင်ပြီ၊ ပိုလုပ်နိုင်ရင် နောက်တစ်ခေါက် ကိုယ်ကျိန်းသေ ကိုယ်အောင်မြင်လိမ့်မယ်။ ဆိုတော့ အဓိကက ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ လိုအပ်တယ်။ ဒီတစ်ခေါက်မရရင် နောက်တစ်ခေါက် နောက်ဆုတ်တဲ့လူကို တွေ့ဖူးတယ်ပေါ့နော်။

ဘာဖြစ်လို့လဲဆိုတော့ ဒီမော်ဒယ်လောကထဲမှာလဲ အများကြီးတွေ့ခဲ့တယ်။ ချောချောလေးတွေ အများကြီးရှိတယ်။ ဝင်တယ်။ ဒါပေမဲ့သူတို့ ခဏပဲဝင်တယ်။ ခဏပဲဝင်ပြီးတော့ ပြန်ထွက်သွားတယ်။ ပြန်ထွက်သွားတာဘာကြောင့်လဲပေ့ါနော်။ သူတို့က ချက်ချင်းရောက်လာပြီးတော့ ချက်ချင်းအောင်မြင်ဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူးပေ့ါနော်။ တစ်ဖြည်းတစ်ဖြည်းနဲ့ ပြိုလဲတာရှိ တယ်။ ဒါပေမဲ့ ကိုယ်ပြန်ထလို့ရတယ်။ ကိုယ်ပြန်သွားလို့ရတယ်ပေ့ါနော်။ ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်နဲ့ ကိုယ့်ကိုကိုယ်ခွန်အား ပြန်ပြီးတော့ ခွန်အားဖြည့်ဖို့ပေ့ါနော်။

 

မနန်းခေမာအနေနဲ့ပေ့ါနော်း။ ဒီအနုပညာကို ဆက်လျှောက်ပြီးတော့ ဘာတွေလုပ်သွားဖို့ အစီအစဉ်ရှိလဲ။

ဒီဟာက ကျွန်မလုပ်နေတဲ့ဟာက ၁၀ နှစ်လောက်ရှိပြီပေ့ါနော်။ လုပ်သွားဖို့အများကြီးရှိ တယ်။ တစ်ယောက်နဲ့တစ်ယောက်ကလည်း အောင်မြင်ချင်းမတူဘူး။ အောင်မြင်တယ် ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အောင်မြင်မှုခြင်းမတူ ဘူး။ အဓိကက ကိုယ့်ကြိုးစားမှုပေ့ါနော်။ ကိုယ့်ရဲ့ကြိုးစားမှု ကိုယ်ပရိသတ်က ကိုယ်ကြိုးစားရင် ကြိုးစားသလောက် သူတို့လက်ခံမှာပဲ အဲဒါက ကိုယ့်ဘာသာကိုယ် ခံယူတာပေ့ါနော်။ အဲဒါဆိုတော့ ကိုယ်လုပ်စရာအများကြီး ရှိတယ်။ ကိုယ်လုပ်သရွေ့တော့ ကိုယ့်ပရိသတ်လည်း ကိုယ့်ကိုအားပေးမှာ ပဲ။ အဲဒါကြောင့် ကျွန်မအများကြီး ကြိုးစားသွားမယ်။ ပြီးရင်လဲ တစ်ခြားဟာတွေ အခုဆိုရင်လဲ Beauty salon ဖွင့်ထားတယ်။ အဲဒါကြောင့် ပရိသတ်တို့လည်း လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

 

ကျွန်တော်တို့ ဒီနောက်ဆုံးအနေနဲ့ပေ့ါနော်။ ဒီ Meet The Successful အစီအစဉ်ကို ကြည့်ရှု့နေတဲ့ ပရိသတ်တွေအတွက်ပေ့ါ အမှတ်တရစကား တစ်ခုလောက်ပြောပြပေးပါဦး။

ဟုတ်ကဲ့ ကျွန်မကိုအားပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ အခုပြောတဲ့ဟာတွေထဲမှာ အမှားပါရင် ကျွန်မကို ခွင့်လွတ်ပါ။ ပြီးတော့ တစ်ခုပြောချင်တာက လူငယ်တွေပေ့ါနော်။ လူငယ်တွေဆိုပေမဲ့ ဒီမော်ဒယ်လင်း ကိုလုပ်ချင်တဲ့ ညီမလေး၊ မောင်လေးတွေပေ့ါနော်။ ကျွန်မအကြံပေးချင်တာ တစ်ခုရှိတယ် ဘာဖြစ်လို့ လဲဆိုတော့ အခုနက အစ်ကိုပြောသလိုပဲ သရုပ်ဆောင်တွေကော အကုန်လုံးတွေကော လုပ်တဲ့လူ ရှိတယ်ပေ့ါနော်။ အဲဒါကြတော့ ဘယ်လိုလဲဆိုတော့ လုပ်ပါ။ ဘာမှမဖြစ်ဘူးပေ့ါနော်။

ဒါပေမဲ့ သရုပ်ဆောင်လဲလုပ်မယ်၊ အဆိုတော်လည်းလုပ်မယ်၊ မော်ဒယ်လည်းလုပ်မယ်။ အဲဒါကြတော့ သုံးခုစလုံးလုပ်ပြီးသွားရင် ကိုယ်ကသိလာမယ်။ ကိုယ်ကဘာဝါဿနာပါလဲပေ့ါ။ တစ်ခုတော့ လုပ်ရလိမ့် မယ်။ သုံးခုစလုံးလုပ်မယ်ဆိုရင် ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကိုယ့်အတွက်ပိုပြီးတော့ ကောင်းတယ်ပေ့ါ နော်။ အဲဒါကျတော့ ကျွန်မအကြံပေးချင်တာ ပြီတော့မော်ဒယ်ဆိုတာလဲ ကျယ်ပြန့်လာပါပြီ၊ တစ်ချို့အိမ်က မပေးလုပ်လိုဟာတွေ ရှိတာပေ့ါနော်။ အဲဒါဆိုတော့ မော်ဒယ်လုပ်ရင်မကောင်းဘူး ဆိုတဲ့ဟာကို အဲလိုတော့မဟုတ်ပါဘူး။ အဓိကက ကိုယ့်ကိုကိုယ် ထိန်းသိမ်းဖို့ပေ့ါနော်။ အသန့်ရှင်းဆုံးနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိရှိလုပ်ဖို့ ကျွန်မပြောချင်ပါတယ်။ အစ်ကိုတို့ကိုကော ကျေးဇူးတင်ပါ တယ်။ ပရိသတ်တွေကိုကော ကျွန်မကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly