ဇွဲကပင်တောင်အောက်ခြေမှာ ရာဘာပင်တွေနဲ့အမှိုက်သရိုက်တွေရှိနေတဲ့အတွက် ထပ်မံစောင့်ကြည့်နေရ တယ်လို့ မြို့နယ်မီးသတ်ဉီးစီးမှူးပြော

ဇွဲကပင်တောင်အောက်ခြေမှာ ရာဘာပင်တွေနဲ့အမှိုက်သရိုက်တွေရှိနေတဲ့အတွက် ထပ်မံစောင့်ကြည့်နေရ တယ်လို့ မြို့နယ်မီးသတ်ဉီးစီးမှူးပြော

ဖေဖော်ဝါရီ ၂ ။             ။ ကရင်ပြည်နယ် ဘားအံမြို့ တောပုံကျေးရွာ(အနောက်ဘက်ခြမ်း) သမိုင်းဝင်ဇွဲကပင်တောင်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၇ နာရီခန့်က စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် တောင်ခြေအောက်ပိုင်းရှိ ရာဘာပင်တွေနဲ့အမှိုက်သရိုက်တွေရှိနေတဲ့အတွက် ထပ်မံစောင့်ကြည့်နေရတယ်လို့ ဘားအံမြို့နယ် မီးသတ်ဦးစီးမှူး ဦးသီဟမြင့်ဆွေက ပြောပါတယ်။

“ကနဦးသတင်းအရ တောင်ယာမီးရှို့လို့ဖြစ်တယ်ဆိုပြီး သိရပါတယ်။ အခုလက်ရှိ တောင်ခြေမှာကားနှစ်စီးထားပြီးတော့ တပ်ဖွဲ့ဝင်တွေကို ရေစုပ်စက်အသေးလေးတွေနဲ့ တာ၀◌န်ချထားပြီး မီးမကူးနိုင်အောင် စောင့်ကြည့်နေတဲ့ အနေအထားပါ။တကယ်လို့လိုအပ်လာရင် တပ်ဖွဲ့၀◌င်တွေကို တောင်ပေါ်ကိုတက်ပြီး မီးကိုရိုက်ဖို့ အနေအထားရှိပါတယ်”လို့ သူကဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာ မီးလောင်မှုနဲ့ပတ်သက်ပြီး အခင်းဖြစ်နေရာမှာ မီးသတ်ယာဉ်၂စီးနဲ့ မီးသတ်တပ်ဖွဲ့၀ င်တွေက စောင့်ကြည့်နေကြပါတယ်။
ကရင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ် ကလည်း ထန်းတစ်ပင်ကျေးရွာ(အရှေ့ဖက်ခြမ်း)မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ မီးငြိမ်းသတ်ဖို့ အခက်အခဲတွေရှိခဲ့တဲ့အတွက် ၂ ရက်ကြာ မီးစောင့်ကြည့် ငြိမ်းသတ်ခဲ့ရပါတယ်။

“ဇွဲကပင်တောင်မီးလောင်တာကတော့ နှစ်စဉ်နှစ်တိုင်းလောင်နေကြပဲ။ ပေါ့ဆမီးကနေ ဆေးလိပ်တိုတွေကအစ မီးလောင်တာတွေရှိသလို ဒီနှစ်ကတော့ ပိုပြီးတော့ များတာပေါ့။
အဓိကစိတျပူမိတာက တောငျပေါျမှာရှိတဲ့သားရဲတိရိစ်ဆာန်တွေ မျိုးသုန်းပျောက်ကွယ်ကုန် မှာကိုပါ။ အခုလိုဖြစ်စဉ်မျိုးထပ်ပြီးမဖြစ်ပွားအောင် ဘယ်လိုတွေစီမံဆင်ခြင်သင့်သလဲဆိုတာကို ဆွေးနွေးညှိနှိုင်းလုပ်ဆောင်ကြမလဲဆိုတာကို အဖြေရှာသင့်တယ်လို့ထင်ပါတယ်” လို့ ဒေသခံမမူမူကပြောပါတယ်။

ဇွဲကပင်တောင်မှာ နှစ်စဉ်မီးလောင်မှုတွေရှိနေတဲ့အတွက် ဇွဲကပင်တောင်ပတ်ဝန်းကျင်ထိခိုက်နေမှုတွေ မရှိအောင်နဲ့ မီးလောင်မှုတွေမဖြစ်ပွားအောင် ပြည်နယ်အစိုးရက ဦးဆောင်ပြီး ဒေသခံတွေကပါ ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်တယ်လို့  ပြည်သူတွေအကြားပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ကရင်ပြည်နယ်၏ကျက်သရေဆောင် ဇွဲကပင်တောင်မှာ ပေပေါင်း၂၇၀၀ ကျော် မြင့်မားပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်မြှင်ဆောင်ရွက်လျက်ရှိရာမှ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်တွေအနေနဲ့ ဇွဲကပင်တောင်နှင့်သဘာဝပတ်ဝန်းကျင်ကို အဓိက လာရောက်လည်ပတ်တဲ့နေရာလည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required