ချယ်လ်ဆီးသို့ ပြန်လာဖွယ်ရှိသည့်အရေးကို ဟစ်ဒင့် အရိပ်အမြွက်ဖွင့်ဟ

ချယ်လ်ဆီးသို့ ပြန်လာဖွယ်ရှိသည့်အရေးကို ဟစ်ဒင့် အရိပ်အမြွက်ဖွင့်ဟ

အောက်တိုဘာ ၂၈၊ လန်ဒန် ။              ။ နည်းပြမော်ရင်ဟို ၏ဖိအားများကိုတိုးပွားလာစေမှုအဖြစ် ဟစ်ဒင့်က ချယ်လ်ဆီးအသင်းသို့ပြန်လာဖွယ်ရှိနေသည်ဟု အရိပ်အမြွက်ပြောဆို လိုက်သည်။

နယ်သာလန်လူမျိုးနည်းပြ ဟစ်ဒင့်၏နောက်ဆုံးနည်းပြအလုပ်မှာ စိတ်ပျက်စရာဖြစ်ခဲ့ရပြီး နယ်သာလန်အသင်းကို ယူရို ၂၀၁၆ ခြေစစ်ပွဲ အောင်မြင်အောင်စွမ်းဆောင်နိုင်ခြင်းမရှိ၍ နုတ်ထွက်ခဲ့ရသည်။

အကယ်၍ မော်ရင်ဟိုထုတ်ပယ်ခံရလျှင် ချယ်လ်ဆီးနည်းပြဖြစ်လာနိုင်သည်လားဆိုသည့်မေးခွန်းကို ဟစ်ဒင့်က ငြင်းဆန်ခြင်းမရှိခဲ့ပေ။

"ထိပ်တန်းဘောလုံးလောကက အမြဲစွဲဆောင်မှုရှိပါတယ်။ သိပ်မကြာခင်က ကျွန်တော့်ကိုကမ်းလှမ်းတာတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်လိုချင် တဲ့ အလုပ်မျိုးတွေတော့ မဟုတ်ဘူး။ ကြည့်ကြတာပေါ့။ အခုကျွန်တော်တို့ စောင့်ကြည့်ရမယ်"ဟု ဟစ်ဒင့်က ပြောသည်။

ချယ်လ်ဆီးအသင်းနှင့်ကေလာဟလများထွက်ပေါ်နေခြင်းကိုလည်း ကောလာဟလအတိုင်းသာထားလိုက်ရန် ဝါရင့်နည်းပြဟစ်ဒင့်က ဆိုခဲ့သော်လည်း အတိအကျဆက်လက်ပြောဆိုရန်ကိုမူ   ငြင်းဆန်ခဲ့သည်။

ဟစ်ဒင့်သည် နည်းပြစကိုလာရီထုတ်ပယ်ခံရသည့် ၂၀၀၉ တွင် ကာလတိုနည်းပြအဖြစ် ချယ်လ်ဆီးအသင်းကို နောက်ဆုံးတာဝန်ယူခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ၎င်း၏လက်ထက်တွင် ချန်ပီယံလိဂ်ဆီမီးရောက်ခဲ့ပြီး အက်ဖ်အေဖလားလည်း ရရှိခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly