၂၀၂၀အထွေထွေရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းအတွင်း၁၈နှစ်ပြည့်ပြီးသူလူငယ်မဲဆန္ဒရှင်ငါးသိန်းခန့် ရှိနေ

01 February 2020
၂၀၂၀အထွေထွေရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းအတွင်း၁၈နှစ်ပြည့်ပြီးသူလူငယ်မဲဆန္ဒရှင်ငါးသိန်းခန့် ရှိနေ

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်း အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရရှိသူ လူငယ် မဲဆန္ဒရှင် ငါးသိန်း နီးပါးခန့် ရှိနေတယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်နိုင် က ပြောပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်း အရ တစ်နိုင်ငံလုံးမှာ အသက် ၁၈ နှစ် မှ ၂၂ နှစ်အရွယ်ရှိ လူငယ် ၄ ဒသမ ၈ သန်းခန့် ရှိနေတာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ဦးရေရဲ့ ၁၃ ရာခိုင်နှုန်းရှိနေတယ်လို့လည်း သိရပါတယ်။

ရိုက်ကူး / တည်းဖြတ် - နန့်ခိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required