ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်ပမှာ သောင်တင်နေတဲ့ ဟူဘေးပြည်နယ်သားတွေကို တရုတ်နိုင်ငံ စတင်ခေါ်ယူ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်ပမှာ သောင်တင်နေတဲ့ ဟူဘေးပြည်နယ်သားတွေကို တရုတ်နိုင်ငံ စတင်ခေါ်ယူ

ဇန်နဝါရီလ ၁။        . ။ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ပြည်ပမှ သောင်တင်နေပြီး ဟူဘေးပြည်နယ်က ချိတ်ပိတ်ထားရာ ဝူဟန်မြို့ထဲ ပြန်လည်ဝင်ရောက်ခွင့်မရဘဲ ဖြစ်နေတဲ့ နိုင်ငံသားတွေကို တရုတ်နိုင်ငံဟာ စတင်ပြီး ပြန်လည်ခေါ်ယူနေပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၃၁ ရက် ညမှာ တရုတ်အစိုးရဟာ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းမှာ သောင်တင်နေတဲ့ ဟူဘေးပြည်နယ်သား ၁၉၉ ဦးကို ပြန်လည်ခေါ်ယူဖို့ လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ကြောင်း ရှင်ဟွာ သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်မှာ ဖော်ပြပါတယ်။

Xiamen Airlines လေကြောင်းလိုင်းက စင်းလုံးငှားလေယာဉ်နှစ်စင်းဟာ ယမန်နေ့ညမှာ Wuhan Tainhe နိုင်ငံတကာလေဆိပ်ဆီ ဆိုက်ရောက်လာခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည်တွေကို ဖျားနာခြင်း ရှိမရှိ စစ်ဆေးခဲ့ပါတယ်။

ရောဂါလက္ခဏာတွေ့ရှိသူဆိုလျှင် မပြန့်ပွားအောင်အဝွက် ချက်ချင်းပဲ ရောဂါခြေချုပ်နဲ့ စောင့်ကြပ်ထားရှိတယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၂၅၉ ဦး ရှိပြီး ကူးစက်သူပေါင်း ၁၁၇၉၁ ဦး ရှိနေပါတယ်။ ကုသပြီး ဆေးရုံက ဆင်းသွားနိုင်သူကတော့ ၂၄၃ ဦးပဲ ရှိသေးကြောင်း ဖေဖော်ဝါရီ ၁ ရက် အစိုးရထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

“ကျွန်တော့် နိုင်ငံကို ကျွန်တော် အရမ်း ကျေးဇူးတင်တယ်။ ကျွန်တော်တို့ နိုင်ငံဟာ ကိုယ့် နိုင်ငံသားတစ်ယောက်ကိုမှ မျက်ကွယ်မပြုထားဘူး။”လို့ မလေးရှားမှာ သောင်တင်နေပြီး အခု လေယာဉ်နှစ်စင်းနဲ့ ပြန်လည်ခေါ်ယူရာ မှာ ပြန်လည်ရောက်ရှိလာတဲ့ ခရီးသည်တစ်ဦးဖြစ်သူ ဂေါင်ဟူလင်းက ပြောပါတယ်။

ဂေါင်ဟူလင်းဟာ မလေးရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်မှာ ဝူဟန်ဆီ လေယာဉ်ခရီးစဉ်တွေ ပယ်ဖျက်တာကြောင့် မလေးရှားမှာပဲ သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ပြီးခဲ့တဲ့ ကြာသပတေးကစပြီး ရောဂါစတင်ရာ ဝူဟန်နဲ့ ဟူဘေးပြည်နယ်က အခြားဒေသတွေကို အဝင်အထွက် ဖြတ်တောက်ထားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly