ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ပထမ ၃ လကထက် ပိုပြီးမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပါပြီ။ ၄ လ ကနေ ၆ လအရွယ် ဘေဘီလေး အနေနဲ့
ကိုယ်အလေးချိန်က – တစ်လကို ၁ ပေါင်ကျော်ကျော်လောက်တက်ရမှာဖြစ်ပြီး ၄ လ ကနေ ၅ လအတွင်းမှာတော့ ဒီထက် ၂ ဆတက်ရပါမယ်။
အရပ်အမြင့် က – တစ်လကို လက်မဝက် ဒါမှမဟုတ် ၁ လက်မလောက်တက်လာရပါမယ်။
ဦးခေါင်းအရွယ်အစား – တစ်လကို လက်မဝက်လောက် လုံးပတ်တက်လာရပါမယ်။
ဘေဘီလေးက ဒီအရွယ်မှာ ဘာတွေလုပ်တတ်ပြီလဲ…………..
ဘေဘီလေးက ဒီအရွယ်မှာ အရင်ကထက် ပိုပြီးသန်မာလာပြီဖြစ်သလို လုပ်ချင်တာတွေကလည်း များလာပါပြီ။ အရင်ကထက်လည်း မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပါပြီ။ ဒီအရွယ်မှာ စိုက်ထူမယ့် milestone တွေက အရင်ကထက် ပိုများလာပါပြီ။
- • အလိုလျောက်ဖြစ်နေတဲ့ လှုပ်ရှားမှုလေးတွေ လုံးဝကိုမရှိတော့ဘူး
- • ခေါင်းကို ကောင်းကောင်းထိန်းတတ်ပြီ
- • အကူအညီနဲ့ ထိုင်တတ်ပြီ
- • မတ်တတ်စမ်းဖို့စကြိုးစားပါပြီ
- • လက်တစ်ဖက်က ပစ္စည်းကို လက်တစ်ဖက်စီ စပြောင်းတတ်ပြီ
- • ခြေထောက်လေးတွေကို ပက်လက်နေရင်း ကိုင်တတ်ပြီ
- • ဝမ်းလျားမှောက်ပြီ
- • သွားရည်တွေစကျလာပြီ (သွားစပေါက်တော့မယ်ဆိုတဲ့ သဘောပါ)
- • တစ်နေ့တာမှာ တစ်ခါအိပ်ရင် ၂ နာရီ ကနေ ၃ နာရီလောက်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိအိပ်မယ်
- • ညဘက်ကို ၆ နာရီ ကနေ ၈ နာရီလောက်အထိအိပ်မယ်
- • အရောင်တွေ အားလုံးကို မြင်ရပြီ
- • ခပ်လှမ်းလှမ်းက ပစ္စည်းတွေကို မြင်တတ်လာပြီ။
- ဘေဘီလေး ဘာတွေပြောတတ်ပြီလဲ…….
ဘေဘီလေးတဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ စောင့်ကြည့်နေရတဲ့ မေမေဖေဖေတို့လည်း အံ့သြခြင်းများစွာနဲ့ပါ။
- • စကားလုံးတွေမပီသသေးပေမယ့် စကားစပြောနေပါပြီ
- • အသံလေးတွေ တီတီတာတာလုပ်တတ်ပြီ
- • ၆ လလောက်ရောက်လာတဲ့အခါ ဖေ။ မေ စတဲ့စကားလုံးလေးတွေကို ထွက်တတ်လာပြီ
- • ရယ်တတ်ပြီ
- • အသံထွက်ပြီးရယ်တတ်ပြီ။ အသံတော်တော်များများကို လုပ်တတ်လာပြီ
- • စပျစ်သီးလေးတွေကို စပစ်တတ်လာပြီ။
- ဘေဘီလေးက ဘာတွေနားလည်နေပြီလဲ……….
သူ့အနီးအနားက လူတွေနဲ့ အရာဝတ္ထုတွေကို အာရုံစိုက်တတ်ပါပြီ။ အပြန်အလှန်ဆက်သွယ်မှုတွေလုပ်တတ်လာပြီ။ ဒါတွေအပြင်
- မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ ရင်းနှီးသူတွေကို သတိထားမိတတ်ပြီ၊ အရာဝတ္ထုတွေကို သိလာပြီ
- ချီခိုင်းတတ်ပြီ
- အရာဝတ္ထုတွေကို စမှတ်သားတတ်ပြီ
- သူချစ်တဲ့သူတွေ သူ့ကိုမခေါ်ဘဲထားတာကို မကြီုက်ကြောင်း ပြသတတ်ပြီ
- မလုပ်ရဘူးဆိုတဲ့ စကားလုံးကို နားလည်စပြုပြီ
- အကြောင်းအကျိုးကို နည်းနည်း နားလည်လာပြီ
ဖေဖေမေမေတို့က ဘာတွေလုပ်ပေးဖို့လိုမလဲ…………
ဒီအရွယ်မှာ ဘေဘီလေးကို စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ အကောင်းဆုံးဖွံ့ဖြိုးလာစေဖို့
- • ဘေဘီလေးကို စကားခဏခဏပြောပေးပါ
- • ခဏခဏ ပြုံးပြပါ
- • အတူတူရယ်မောပေးပါ
- • ထမင်းကျွေးတဲ့အခါ၊ အဝတ်အစားလဲပေးတဲ့အခါ၊ သေးခံလဲပေးတဲ့အခါမျိုးမှာဖြစ်ဖြစ် ရေချိုးပေးချိန်မှာဖြစ်ဖြစ် စကားပြောပေးပါ
- • နေ့တိုင်း အချိန်ပေးပြီး ကလေးနဲ့ အတူတူကစားပေးပါ
- • ကလေးနဲ့အတူတူ စည်းချက်ညီညီ ကပေးပါ
- • အခြားရွယ်တူ ကလေးငယ်တွေနဲ့ မိတ်ဆက်ပေးပါ
- • အရုပ်လေးတွေနဲ့ ပေးကစားပါ
- • ရယ်မောစေမယ့်အရာတွေအ တူတူလုပ်ရင်း ရယ်မောပါ။ ကျီးဖြူကျီးမဲ ကစားပေးတာမျိုးပေါ့။
- • ရုပ်ပုံကားချပ်လေးတွေနဲ့ စိတ်ဝင်စားစရာကောင်းတာတွေကို ပြသပေးပါ
- • စာအုပ်ဖတ်ပြပါ။ ပုံပြင်ဖက်ပြပါ။
- • မှန်ကြည့်ခိုင်းပါ။ မှန်က ရုပ်ပုံပေါ်တယ်ဆိုတာကို သိအောင်လုပ်ပေးပါ
- • မမြင်ဖူးတာတွေကို မြင်တွေ့နိုင်စေဖို့ ကလေးကို အပြင်ခေါ်သွားပါ
- • ကလေးကို အိပ်ရာကနိုးတိုင်း ပွေ့ချီပေးပါ
- • ကလေးကို ကြင်ကြင်နာနာထွေးပွေ့ပါ
- • ကလေးဝမ်းနည်းနေတဲ့အခါချော့ပါ
- • သက်တောင့်သက်သာ ဖြစ်အောင်ထားပါ။