ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်မှု နှေးခြင်းကြောင့် ပျံ့နှံ့မှု ပိုဆိုးခဲ့ရဟု တရုတ် ပြော

ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်မှု နှေးခြင်းကြောင့် ပျံ့နှံ့မှု ပိုဆိုးခဲ့ရဟု တရုတ် ပြော

ဖေဖော်ဝါရီ ၁။                  ။ လူသေဆုံးနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ရှာဖွေဖော်ထုတ်ရာမှာ တရုတ်နိုင်ငံအနေနဲ့ တုံ့ပြန်မှု နှောင့်နှေးတာကြောင့် ပျံ့နှံ့မှု ပိုဆိုးခဲ့ရတယ်လို့ ဗိုင်းရပ်စ် စတင်ပေါ်ပေါက်ရာ ဝူဟန်မြို့က ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

SARS နဲ့ အလားသဏ္ဍာန်တူတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအတွင်း သေဆုံးသူပေါင်း ၂၅၉ ဦး ရှိပြီး ကူးစက်ခံရသူပေါင်း ၁၁၀၀၀ ကျော် ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေတဲ့ နိုင်ငံပေါင်းလည်း ၂၀ ကျော်ထက်မနည်း ရှိနေပြီ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကို စတင်တွေ့တဲ့ ဝူဟန်မြို့က အာဏာပိုင်တွေရဲ့ ကျန်းမာရေးအရေးပေါ် အခြေအနေကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး တရုတ်လူမှုမီဒီယာမှာ စိတ်ဆိုးမာန်ဆိုး ဝေဖန်မှုတွေလည်း တစ်စစ ထွက်ပေါ်လို့ လာပါတယ်။

ဗိုင်းရပ်စ်ပျံ့နှံ့ဖြစ်ပွားနေတာကို အစောပိုင်း သီတင်းပတ်တွေကတည်းက သိပေမယ့် သတင်းထိန်ချန်ထားတာအတွက် ဝူဟန်တာဝန်ရှိသူတွေကို အွန်လိုင်းမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

“ခုတော့ ကျွန်တော်မှာ အပြစ်ရှိသလို ခံစားရပါတယ်။ နောင်တရမိသလို ကိုယ့်ကိုကိုလည်း အပြစ်တင်မိပါတယ်။”လို့ ဝူဟန်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မာကျို့ကျင်းက ပြောပါတယ်။

“ဗိုင်းရပ်စ် ထိန်းချုပ်တဲ့ စည်းမျဉ်းတွေသာ ခပ်စောစောကတည်းက ချမှတ်ပြဌာန်းခဲ့ရင် ဒီလောက် အခြေအနေ မဆိုးဘဲ ရလဒ်ကောင်း ထွက်မှာဖြစ်တယ်။”လို့ နိုင်ငံပိုင်ရုပ်သံ CCTV ကနေ ၎င်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required