အင်ဒိုနီးရှားမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူ ကိုးဦး သေဆုံးပြီး ထောင်ပေါင်းများစွာ ရေဘေးဒုက္ခကြုံ

အင်ဒိုနီးရှားမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူ ကိုးဦး သေဆုံးပြီး ထောင်ပေါင်းများစွာ ရေဘေးဒုက္ခကြုံ

ဇန်နဝါရီ ၃၀။                ။ အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းမှာ ရေကြီးရေလွှမ်းမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ကိုးဦး သေဆုံးပြီး ထောင်ပေါင်းများစွာ ယာယီခိုလှုံရေးစခန်းတွေဆီ ပြောင်းရွှေ့နေထိုင်ကြရကြောင်း ဌာနေသဘာ ဝဘေးအေဂျင်စီက ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီသီတင်းပတ်အတွင်း မြောက်ဆူမတြားမှာ မိုးသည်းထန်တာကြောင့် ခုလို ရေဘေးဒုက္ခ ရင်ဆိုင်ကြုံတွေ့တာ ဖြစ်ပြီး သေဆုံးသူအများစုဟာ ရေနစ်ပြီး သေဆုံးတာနဲ့ ရေစီးမှာ မျောပါလာတဲ့ သစ်တုံးတွေနဲ့  ထိခိုက်မိပြီး သေဆုံးကြရတာဖြစ်တယ်လို့ ယင်း အေဂျင်စီက ဆိုပါတယ်။

“ရေစီးနဲ့ မျောလာတဲ့ သစ်တုံးတွေနဲ့ ထိခိုက်မိလို့ နှစ်ဦး သေဆုံးရတာလို့ ကျွန်တော်တို့ သိထားရတယ်။”လို့ ဗဟိုတာပန်နုလီဒေသ သဘာဝဘေးလျော့ပါးရေး အေဂျင်စီ အကြီးအကဲ အန်နန်ဒါနာဆူရှင်းက ပြောပါတယ်။

အဲဒီ အရပ်ဒေသမှာ သစ်ခိုးခုတ်တာတွေ ထကြွသောင်းကျန်းနေတာကြောင့် မြေဆီလွှာ ကုန်ခမ်းခြင်းကနေ မိုးသည်းထန်တဲ့အခါ မြေပြိုမှုတွေ ဖြစ်လာရတာ ဖြစ်နိုင်တယ်လို့ ၎င်းက ဆိုပါတယ်။
လက်ရှိမှာ ဒေသခံ သုံးလေးထောင်မကဟာ ခိုလှုံရေးစခန်းတွေဆီ လာရောက်ခိုလှုံနေထိုင်နေရပါတယ်။

ဒီလအတွင်းမှာပဲ ဂျာဗာကျွန်းအနီးက မြို့တော် ဂျကာတာဝန်းကျင်ဒေသတစ်လွှားမှာ မိုးသည်းထန်ပြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၇၀ နီးပါး သေဆုံးခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required