ဂျာမနီပြတိုက်တစ်ခုမှာ ဂရီတာ သွန်းဘာ့ဂ်ရဲ့ ဖယောင်းရုပ်တုကို ဖွင့်လှစ်ပြသ

ဂျာမနီပြတိုက်တစ်ခုမှာ ဂရီတာ သွန်းဘာ့ဂ်ရဲ့ ဖယောင်းရုပ်တုကို ဖွင့်လှစ်ပြသ

ဇန်နဝါရီ ၃၀  ။                        ။ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ ဆွီဒင်ဆယ်ကျော်သက် မိန်းကလေး ဂရီတာ သွန်းဘာ့ဂ်ရဲ့ ဖယောင်းရုပ်တုကို ဂျာမနီ ပြတိုက်တစ်ခုမှာ ဖွင့်လှစ်ပြသခဲ့ပါတယ်။ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ်မြို့ က ပြတိုက်တစ်ခုမှာ ဂရီတာ သွန်းဘာ့ဂ်ရဲ့ ဖယောင်းရုပ်တုကို ဇန်နဝါရီ ၂၉ ရက်က ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ဒီ ဖယောင်းရုပ်တုကိုတော့ ဂေါ့ဖရိုင်းဒ် ခရူဂျာ ဆိုသူ ဦးဆောင်တဲ့ အဖွဲ့တစ်ခုက ဖန်တီးထုဆစ်ထားခဲ့တာ ဖြစ်ပါတယ်။

“ သူ အခုလုပ်နေတဲ့ ရာသီဥတုအရေး တက်ကြွလှုပ်ရှားဆောင်ရွက်မှုတွေက အရေးကြီးတဲ့ အလုပ်လို့ ကျွန်တော် ထင်ပါတယ်၊ ဒီလို မိန်းကလေးငယ်လေးတစ်ယောက်က အင်မတန် ကြီးတဲ့ ကိစ္စတစ်ခုကို လုပ်နေတာကိုက အင်မတန် လေးစားဖို့ ကောင်းနေပါပြီ” ဟု ခရူဂျာက ပြောသွားခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ရာသီဥတုအရေးနဲ့ပတ်သက်ပြီး ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်ဖို့ ပျက်ကွက်နေတယ်ဆိုပြီး ဆွီဒင် ဆယ်ကျော်သက် တက်ကြွလှုပ်ရှားသူ ဂရီတာ သွန်းဘာ့ဂ်က ပြီးခဲ့တဲ့ကာလအတွင်း ကုလသမဂ္ဂမှာ ဒေါသတကြီး ပြစ်တင်ခဲ့ဖူးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required