ဂျပန်နိုင်ငံသားအယောက် ၂၀၀ ကျော် ဝူဟန်ကနေ တိုကျိုသို့ ပြန်ရောက်လာ

ဂျပန်နိုင်ငံသားအယောက် ၂၀၀ ကျော် ဝူဟန်ကနေ တိုကျိုသို့ ပြန်ရောက်လာ
Photos: EPA

ဇန်နဝါရီ ၂၉

ကိုရိုနာဗိုင်းရပ်စ် အဓိကဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ရောက်နေခဲ့တဲ့ ဂျပန်နိုင်ငံသားတွေကို ယခုအခါ ဂျပန်အစိုးရက လေယာဉ်နဲ့ ပြန်လည် ခေါ်ထုတ်လာခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ ဂျပန်နိုင်ငံသားတွေကတော့ ဝူဟန်ကနေ ထွက်ခွာလာခဲ့ပြီး ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းမှာ တိုကျိုသို့ ရောက်ရှိလာခဲ့ကြပါတယ်။

တိုကျိုရှိ ဟာနီဒါ လေဆိပ်ကို လေယာဉ်နဲ့ ပြန်ရောက်လာတဲ့ ဂျပန်နိုင်ငံသား ၂၀၆ ယောက်ကို သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူတွေက လေယာဉ်ပေါ်မှာနဲ့ လေဆိပ်မှာ စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၎င်းတို့ကို သီးခြားခွဲထားတာမျိုးတော့ စီစဉ်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

နိုင်ငံကို ပြန်ရောက်လာတဲ့ ဂျပန်နိုင်ငံသားတွေအနက် လေးယောက်ကတော့ နေမကောင်းဖြစ်နေလို့ ရောက်ရောက်ချင်းမှာပဲ ဆေးရုံကို ပို့ပေးထားရတယ်လို့ ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ယိုရှီဟိုက် ဆူဂါက ပြောပါတယ်။

ဒါပေမယ့် ၎င်း လေးဦးဟာ ဗိုင်းရပ်စ် ကူးစက်ခံနေရပြီလားဆိုတာကိုတော့ အတည်ပြုသွားတာမျိုး မရှိပါဘူး။

ဝူဟန်မြို့မှာ ရှိနေချိန်တုန်းက စိတ်ရှုပ်ထွေးပြီး စိုးရိမ်ထိတ်လန့်နေခဲ့ရကြောင်း၊ ခုလို တိုကျိုကို ပြန်ရောက်လာတော့မှပဲ စိတ်သက်သာရာ ရတော့တယ်ဆိုပြီး ဝူဟန်ကနေ ပြန်ရောက်လာတဲ့ ဂျပန်နိုင်ငံသားတွေက ရင်ဖွင့်သွားခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly