ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၂ ဦးနှင့် ကူးစက်ခံရသူ ၆၀၀၀ နီးပါးရှိလာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၂ ဦးနှင့် ကူးစက်ခံရသူ ၆၀၀၀ နီးပါးရှိလာ
People wait as medical staff wear protective clothing to help stop the spread of a deadly virus which began in the city, at Wuhan Red Cross Hospital in Wuhan on Jan 24, 2020. (Photo: AFP/Hector Retamal)

ဇန်နဝါရီ ၂၉။                  ။  တရုတ်နိုင်ငံ ဝူဟန်မှစတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ကူးစက်ပျံ့နှံ့မှုနှုန်းသည် အလွန်မြန်ဆန်လွန်းနေပြီး ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းအထိ သေဆုံး သူ ဦးရေ ၁၃၂ ဦးနှင့် ကူးစက်ခံရသူ ၅၉၇၄ ဦး ရှိသွားပြီဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ပြောသည်။

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၁ ဦးအထိ မြင့်တက် မြို့ ၁၄ မြို့ကို ပိတ်ဆို့ထား  

ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်း မြန်ဆန်လွန်းနေပြီး နိုင်ငံတွင် စိုးရိမ်ဖွယ်အခြေအနေနှင့် ရင်ဆိုင်နေရပြီဟု တရုတ်သမ္မတ သတိပေး

ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း သံသယရှိသူ ၉၀၀၀ ကျော်ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက စောင့်ကြည့်လျက်ရှိပြီး တရုတ်နိုင်ငံအနေဖြင့် ရောဂါထိန်းချုပ်ရန် ယုံကြည်မှုရှိကြောင်း ထပ်တလဲလဲ ပြော နေသည့်ကြားမှ သေဆုံးသူနှင့် ကူးစက်ခံရသူအရေအတွက် များပြားလာခြင်းဖြစ်သည်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ရောဂါကူးစက်ပျံ့နှံ့မှာစိုးရိမ်သည့်အတွက် နိုင်ငံတကာမှ လေကြောင်းလိုင်းများသည် တရုတ်နိုင်ငံသို့ ပျံသန်းပြေးဆွဲနေသည့် လေယာဉ်ခရီးစဉ်များနှင့်  ပြည်သူများ ခရီးသွားလာမှုကို တားမြစ် ထား သည်။ဂျပန်သည် ၎င်းတို့နိုင်ငံသား ၂၀၀ ခန့်ကိုလည်းကောင်း အမေရိကန်သည်လည်း အမေရိကန်နိုင်ငံသား ၂၄၀ ခန့်ကိုလည်းကောင်း လေယာဉ်ဖြင့် အသီးသီး  ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ပြီဖြစ်သည်။

ဝူဟန်ခရီးသည် ငါးဦးပါဝင်သည့် လေယာဉ်ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်၊ သံသယလူနာမပါဝင်ဟု ကျန်းမာရေးဝန်ကြီးဌာန အတည်ပြု

ဥရောပကော်မရှင်သည် ဥရောပနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး လေယာဉ်ခရီးစဉ်နှစ်ခုအတွက် ငွေကြေးအကုန်အကျခံပေးသွားမည်ဖြစ်ပြီး ပထမတစ်သုတ်တွင် ပြင်သစ်နိုင်ငံသား ၂၅၀ ခန့်လိုက်ပါမည်ဟု သိရသည်။

အဆိုပါကိုရိုနာဗိုင်းရပ်စ်သည် အခြားနိုင်ငံများအထိပါ ပျံ့နှံ့နေသည့်အတွက် တရုတ်အာဏာပိုင်များသည် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ဗဟိုစက်မှုဇုန်မြို့ဖြစ်သည့် ဝူဟန်အပါအဝင် မြို့ပေါင်း ၂၀ နီးပါးရှိ လူဦးရေ သန်း ၅၀ ကျော်ခန့်ကို အဝင်အထွက် ပိတ်ပင်ထားသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်၏ ရောဂါလက္ခဏာများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly