ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀ ကျော်လာချိန် ပိုမိုမပြန့်ပွားအောင် နိုင်ငံသားများအား ပြည်ပမထွက်ရန် တရုတ်အစိုးရ တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀ ကျော်လာချိန် ပိုမိုမပြန့်ပွားအောင် နိုင်ငံသားများအား ပြည်ပမထွက်ရန် တရုတ်အစိုးရ တိုက်တွန်း
Photos: AFP

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၀၆ ဦး ရှိလာခဲ့ပြီးနောက် တရုတ်အစိုးရအနေဖြင့် ရောဂါပိုး ပိုမို မပြန့်ပွားအောင် ၎င်း၏ နိုင်ငံသားများအား ပြည်ပခရီးစဉ်များ ရွှေ့ဆိုင်းရန် ဇန်နဝါရီ ၂၈ ရက်တွင် တိုက်တွန်းဆော်ဩသည်။

နိုင်ငံရပ်ခြား၌ ယင်း ဗိုင်းရပ်စ်ပိုးသည် လူမှ လူသို့ ကူးစက်မှု ပထမဆုံး စတင်ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ တရုတ်အာဏာပိုင်များက ဆော်ဩလာခြင်းပဲ ဖြစ်သည်။

ပြည်ပနိုင်ငံများသည် တရုတ်နိုင်ငံမှ ရောဂါပျံ့နှံ့ရာ အဓိကအရပ်ဒေသတွင် ရောက်ရှိနေသော ၎င်းတို့၏ နိုင်ငံသားများကို လေယာဉ်ဖြင့် ကယ်ထုတ်နိုင်ရန် ပြင်ဆင်လျက် ရှိနေစဉ် ဂျပန်နှင့် ဂျာမနီနိုင်ငံတို့၌ တရုတ်မှ တိုက်ရိုက် ကူးစက်လာခြင်း မဟုတ်သော ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ပထမဆုံး တွေ့ရှိလာသည်။

လက်ရှိအချိန်ထိ နိုင်ငံပေါင်း တစ်ဒါဇင်ကျော်ထက်မနည်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားလျက် ရှိသည်။ ဒီဇင်ဘာနှောင်းပိုင်းက ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိရာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့ဝန်းကျင် ဒေသများတွင် လူထောင်နှင့်ချီကာ ရောဂါကူးစက်ခံထားရသည်။

ဂျပန်နိုင်ငံတွင် ဇန်နဝါရီအစောပိုင်းက ဝူဟန်မှ ခရီးသွားဧည့်သည် အုပ်စုနှစ်စုကို ကားမောင်းပို့ပေးခဲ့ဖူးသူ အသက် ၆၀ ပိုင်းအရွယ် အမျိုးသားတစ်ဦး ရောဂါကူးစက်ထားပုံရပြီး ဇန်နဝါရီ ၂၅ ရက်က ဆေးရုံတက်ရောက်ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ဂျာမနီတွင်လည်း ပြီးခဲ့သည့် သီတင်းပတ်က ရှန်ဟိုင်းမှ ရောက်လာသည့် လုပ်ဖော်ကိုင်ဖက်တစ်ဦးထံမှာ အသက် ၃၃ နှစ်အရွယ် ဂျာမန်အမျိုသားတစ်ဦး ရောဂါကူးစက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။ ယင်း ကူးစက်မှုသည် တရုတ်ပြင်ပ၌ ကိုရိုနာဗိုင်းရပ်စ်ပိုး လူလူချင်း ပထမဆုံး ကူးစက်မှုပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly