ဂျာမနီတွင် လူအချင်းချင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ

ဂျာမနီတွင် လူအချင်းချင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ
Photo: AFP

မြူးနစ်၊ ဇန်နဝါရီ ၂၈

ဂျာမနီနိုင်ငံတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသည့်လူနာသည် ပြီးခဲ့သည့် ရက်သတ္တပတ်က ဂျာမနီသို့အလည်လာရောက်ခဲ့သည့် တရုတ်နိုင်ငံသားတစ်ဦးထံမှ ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး ဥရောပတွင် လူအချင်းချင်း ပထမဆုံးကူးစက်ခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၂၈ ရက်က ဂျာမနီအာဏာပိုင်များမှ ပြောသည်။

ရှန်ဟိုင်းမှ တရုတ်အမျိုးသမီးဝန်ထမ်းတစ်ဦးသည် ဂျာမနီနိုင်ငံ၊ ဘာဗေးရီးယားပြည်နယ်သို့ အစည်းအဝေးလာတက်ပြီးအပြန် ဇန်နဝါရီ ၂၃ ရက်က လေယာဉ်ပေါ်၌ အဖျားရောဂါ စတင်ခံစားခဲ့ရကြောင်း ဘာဗေးရီးယား Health and Food Safety ဌာနမှ အကြီးအကဲဖြစ်သူ Andreas Zapf က ဆိုသည်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

တရုတ်အမျိုးသမီးနှင့် အစည်းအဝေးအတူတူတက်ခဲ့သည့် အသက် ၃၃ နှစ်အရွယ်ရှိ ဂျာမနီနိုင်ငံသားသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံနေရကြောင်း ဇန်နဝါရီ ၂၇ ရက်ညနေပိုင်းလောက်က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းဗိုင်းရပ်စ်ပိုးသည် တရုတ်အပြင် အခြားသော နိုင်ငံအများအပြားသို့လည်း ကူးစက်ခဲ့ပြီး  တရုတ်နိုင်ငံအတွင်းမှာပင် ဇန်နဝါရီ ၂၈ ရက်အထိ လူပေါင်း ၁၀၆ ဦးကို သေဆုံးစေခဲ့ကာ  ၄၅၀၀ ကျော်ခန့် ကူးစက်ခံခဲ့ရကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly