အစ္စရေးကို ပစ်မှတ်ထား တိုက်ခိုက်မည်ဟု အိုင်အက်စ် ကြုံးဝါး

အစ္စရေးကို ပစ်မှတ်ထား တိုက်ခိုက်မည်ဟု အိုင်အက်စ် ကြုံးဝါး

ဇန်နဝါရီ ၂၈ ။                    ။ အစ္စရေးကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု အစ္စလမ္မစ်နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်အုပ်စုက ကြုံးဝါးပြောဆိုသွားခဲ့သည်။အဆိုပါ အကြမ်း ဖက်အုပ်စု၏ ခေါင်းဆောင် အဘူ ဘာကာ အယ်လ် ဘဂ္ဂဒါဒီ သေဆုံးပြီးနောက် ယင်းအဖွဲ့က ပထမဆုံး ထုတ်ပြန်လိုက်သည့် အသံဖိုင်တစ်ခုထဲတွင် အစ္စရေးကို ပြောင်းလဲပစ်မှတ်ထားမည့်အကြောင်းကို ပြောဆိုထားသည်ဟု သိရသည်။

အိုင်အက်စ်အဖွဲ့၏ အာရုံစူးစိုက်မှုကို ကာလီဖိတ် နိုင်ငံ အကြွင်းအကျန် များကနေ အစ္စရေးဆီ ပြောင်းလဲ ပစ်မှတ်ထားတော့မည် ဖြစ်ကြောင်း အဆိုပါ အကြမ်းဖက်အဖွဲ့က အသံဖိုင်ထဲတွင် ကြုံးဝါးထားသည်။

“ခုချိန်ကစလို့ မင်းတို့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်သွားမှာပါ၊ ငါတို့ ကာလီဖိတ် စစ်သားတွေက ခုဆို ဂျေရုဆလင်ကို ပစ်မှတ်ထားနေပါပြီ၊ လာမယ့် ရက်တွေမှာ မင်းတို့ကို ထိခိုက်အောင် ငါတို့ ဘယ်လို လုပ်မလဲ မင်းတို့ သိရပါတော့မယ်” ဟု အိုင်အက်စ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အဘူ ဟမ်ဇာ အယ်လ် ကူရိုင်ရှီ က အသံဖိုင်ထဲတွင် ပြောထားသည်။

ယင်းအပြင် အဆိုပါ အသံဖိုင်ထဲတွင် လက်ရှိကာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စီစဉ်ထားသော ငြိမ်းချမ်းရေး အစီအစဉ်တစ်ခုကိုလည်း ပျက်ပြားအောင် လုပ်ဆောင်သွားမည်ဟုလည်း ပါရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required