ကိုရိုနာဗိုင်းရပ်စ်၏ ဘေးအန္တရာယ်ကို မှားယွင်းအကဲဖြတ်မိကြောင်း WHO ဝန်ခံ

ကိုရိုနာဗိုင်းရပ်စ်၏ ဘေးအန္တရာယ်ကို မှားယွင်းအကဲဖြတ်မိကြောင်း WHO ဝန်ခံ

ဇန်နဝါရီ ၂၈။                 ။ တရုတ်နိုင်ငံ လူသေဆုံးစေသော ကိုရိုနာဗိုင်းရပ်စ်၏ ဘေးအန္တရာယ် အကဲဖြတ်ရာတွင် အမှားအယွင်း ရှိခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဇန်နဝါရီ ၂၇ ရက်၌ ပြောသည်။

ယခင်ကလည်း ရောဂါဖြစ်ပွားပျံ့နှံ့မှုများနှင့် ပတ်သက်ကာ ကိုင်တွယ်ပုံကို တစ်ခါတစ်ရံ ဝေဖန်ခံရသည့် ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂအေဂျင်စီတစ်ရပ်ဖြစ်သည့် WHO က ဇန်နဝါရီ ၂၆ ရက် နှောင်းပိုင်းတွင် အစီရင်ခံစာ ထုတ်ပြန်ရာ၌ ကိုရိုနာဗိုင်းရပ်စ်ဘေးအန္တရာယ်သည် တရုတ်တွင် အလွန်မြင့်မားနေပြီး ဒေသတွင်းအဆင့်နှင့် ကမ္ဘာ့အဆင့်တွင်လည်း မြင့်မားကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာ၏ အောက်ခြေမှတ်စု၌ ဇန်နဝါရီ ၂၃၊ ၂၄ နှင့် ၂၅ ရက်တို့က ထုတ်ပြန်ခဲ့သော ယခင်အစီရင်ခံစာများတွင် ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်အဆင့်သည် အသင့်အတင့်သာ ရှိမည်ဟု ဖော်ပြခဲ့ခြင်းသည် မှားယွင်းကြောင်း WHO က ရှင်းလင်းထားသည်။

ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်အဆင့် အကဲဖြတ်ချက် ယခုကဲ့သို့ ပြင်ဆင်ခြင်းသ် နိုင်ငံတကာ ကျန်းမာရေးအရေးပေါ် အခြေအနေ ကြေညာခြင်းမျိုးတော့ မဟုတ်ပေ။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ကာ WHO က ဇန်နဝါရီ ၂၃ ရက်တွင် ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာခဲ့သော်လည်း အချိန်ပိုင်းအတွင်း ရပ်စဲလိုက်ခဲ့ခြင်းပဲ ဖြစ်သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဒီဇင်ဘာ ၃၁ ရက်က ပထမဆုံး စတင်တွေ့ရှိသည့် ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာနိုင်ငံအချို့သို့ပါ ပျံ့နှံ့ကာ လူပေါင်း ၂၇၀၀ ကျော် ကူးစက်ခံထားရသည်။
ယင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၂ ဦး ရှိရာ အားလုံးသည် တရုတ်နိုင်ငံမှပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly